Motorbike Décor ဆိုင်ကယ်နဲ့ ကယ်မယ်

တရက်နှစ်ရက်အတွင်း ဆိုင်ကယ်ရူးရူးနေတဲ့နှစ်ယောက်ကို ဖေ့စ်ဘွတ်ကပြောပြတယ်။ ဒေလီနေသူက ကျွန်တော့်ရုံးမှာ အလုပ်လုပ်ခဲ့သူ။ မုံရွာသားက ကျွန်တော့်တူအရင်း။

ဟိုအရင်က ရှေးဗမာယောက်ျားမှန်ရင် ထိုးကွင်းမင်ကြောင်ထိုးကြရတယ်။ ခုခေတ်မှာ ဘာလူမျိုးဖြစ်ဖြစ်၊ ယောက်ျားမိန်းမ တက်တူးထိုးကြတယ်။ ဗမာကြီးတွေက သတ္တိအလွန်ကောင်းကြတယ်။ အလွန်ကိုနာမယ်။ ထိုးပြီးလည်း မပျောက်တော့လို့ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုးဆိုပြီး၊ ပြင်လို့မရတော့တာကို စာဆိုထားတယ်။

ခုခေတ်မှာ တက်တူးက ထိုးထားပြီးပြင်လို့ရတယ်။ သိပ်လည်းမနာပါ။ နည်းပညာ ပိုကောင်းတာမှန်ပေမယ့် ရောဂါ ရတတ်တယ်။ သွေးကတဆင့်ကူးစက်တဲ့ အသည်းရောင် စီ နဲ့ HIV ကို ကူးစက်လာနိုင်တယ်။

နောက်ခေတ်ပေါ်ရောဂါတခုက Motorbike Decorations မော်တော်ဆိုင်ကယ်ကို အလှဆင်တာဖြစ်တယ်။ Tattoo sticker ဆိုင်ကယ်ကို တက်တူးထိုးတာလို့လည်းခေါ်တယ်။ မြန်မာပြည်မှာနောက်ဆုံးပေါ်က ဆိုင်ကယ်ကို ရွေးကောက်ပွဲ ကင့်ပိန်းအတွက် အလှဆင်ကြတာဖြစ်တယ်။ အဲတာလည်းကူးစက်တယ်။ ကျွန်တော်က ဆရာဝန်ပေမယ့် အဲလိုရောဂါကို ပြန့်ပွါးစေချင်တယ်။

အဲတာမျိုးကို ဆိုင်ကယ်နဲ့ ကယ်ချင်သူတွေက လုပ်ကြတာပါ။ ကော်မရှင် အမြင်ကပ်ပေမယ့် ဘာမှမတတ်နိုင်ဘူး။ ဆိုင်ကယ်တက်တူးက ဖျောက်လည်း မပျောက်ပါ။ မျက်စိနဲ့မမြင်ရလည်း ပါမင့်နင့်ဖြစ်တယ်။ နောင်ပြင်ရန်ခက်သည့်အမျိုး (အာဏာရှင်စနစ်ဆိုး) ကို ပြင်ချင်ကြသူတွေက လုပ်နေကြပြီ။

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး