Sangha အသင်းအဖွဲ့နဲ့ လူပုဂ္ဂိုလ် ဘာကြည်ညိုမလဲ

NLD ကလူကိုမကြည့်ပဲ ပါတီကိုကြည့်ပြီးမဲပေးပါဆိုတာ ဗုဒ္ဓအဆုံးအမနဲ့မညီဘူးလို့ လူသိများတဲ့ဘုန်းတော်ကြီးတပါးက ရေဒီယိုအင်တာဗျူးမှာ ဖြေတာကြားရတယ်။

တခါတုံးက ဘုရင်မင်းတရားဟာ ဥပတိရုပ်ကိုကြည်ညိုလွန်းလို့ ဆွမ်းလောက်လိုက်တဲ့ ကိုယ်တော်လေးနောက်ကို အမတ်တယောက် လိုက်အကြည့်ခိုင်းတယ်။ ကိုယ်တော်လေးက ဝိနည်းတော်နဲ့မညီတဲ့အမှုပြုတာကို အမတ်က တွေ့သွားတယ်။ ဘုရင်ကို ပြန်ပြီး သံတော်ဦးတင်တော့ မြို့တံခါးကထွက်ပြီးနောက် ရဟန်းအသွင်လည်း ပျောက်သွားကြောင်းပါဘုရားလို့ လျှောက်ထားပါသတဲ့။

ရဟန်းအဖြစ်ကို ရိုသေမှုနဲ့ ရာဇဝတ်ဘေးကလွတ်အောင်၊ ကြည်ညိုမှုလည်း မပျက်ယွင်းအောင် အမတ်ပညာရှိက လျှောက်ထားတာဖြစ်ပါတယ်။ မောင်/ကို/ဦး ဘယ်သူဆိုတာကိုမကြည့်ပါ။ သင်္ကန်းဝတ်ထားတာကို ကြည့်ပါတယ်။

အသင်းအဖွဲ့နဲ့ပါတီဟာ အရေးကြီးပါတယ်။ သံဃာဆိုတာအသင်းအစုတခုဖြစ်ပါတယ်။ ရတနာသုံးပါးထဲမှာပါတယ်။ ဆရာတော့့် ထက် သံဃာဆိုတာကအရေးကြီးပါတယ်။

မကြည်ညိုကြောင်းကြေညာထိုက်သော ရဟန်းအင်္ဂါရှစ်ပါး
၁။ ဘုရား၏ ကျေးဇူးမဲ့ကိုဆိုခြင်း
၂။ တရား၏ ကျေးဇူးမဲ့ကိုဆိုခြင်း
၃။ သံဃာ၏ ကျေးဇူးမဲ့ကိုဆိုခြင်း
၎။ လူတို့ လာဘ်မရစေရန် လုံ့လပြုခြင်း
၅။ လူတို့ အကျိုးမဲ့ဖြစ်စေရန် လုံ့လပြုခြင်း
၆။ လူတို့ကို ဆဲဆိုကြိမ်းမောင်းခြင်း
၇။ လူတို့ကို အခြားလူတို့နှင့် သွေးကွဲစေခြင်း
၈။ မသင့်တော်သောကျက်စားရာအရပ်၌တွေ့မြင်ရခြင်းဟူသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသောရဟန်းအား ဥပါသကာတို့သည် အလိုရှိလျှင် မကြည်ညိုနိုင်ကြောင်း အသိပေးကြေညာကုန်ရာ၏။ (အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်)

ဒေါက်တာတင့်ဆွေ
၁၇-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး