သမ္မတ၊ တပ်ချုပ်တို့နဲ့ ဒေါ်စုတွေ့ဆုံမှု မျှော်လင့်ချက်
VOA ကိုဉာဏ်ဝင်းအောင် 01.12.2015 08:10 အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပါအရင် သူတို့ သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီးဒီဇင်ဘာလ ၂ရက်နေ့မှာ တွေ့ဆုံသွားဖို့ တုန့်ပြန်လိုက်တာဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ကြိုဆိုလိုက်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ နိုင်ငံတော် သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြည်ထောင်စု လွှတ်တော် ဥက္ကဌနဲ့ပါ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံလိုကြောင်း အနိုင်ရ NLDပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ သီးသန့်စီ စာရေးသား ပေးပို့ခဲ့တာပါ။ သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးဆုံး သွားချိန် ဒီဇင်ဘာ လကုန် ပိုင်းလောက်မှ တွေ့ဆုံနိုင်လိမ့်မယ်လို့ အစောပိုင်းမှာ အကြောင်း ပြန်ကြားထား တာပါ။ ဒါပေမယ့် ဒီဇင်ဘာလ ၂ ရက် နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွ...