The Gate ရွှေတံခါးကြီး

မနေ့က နိုင်ငံမတူတဲ့ဆီကနေလာကြတဲ့ကျောင်းသားတွေ ဘယ်ကလာတယ်စသဖြင့် ပြောကြရင်း နေမဝင်အင်ပါယာကို ရောက်သွားတယ်။ အင်္ဂလိပ်ကိုလိုနီအင်ပါယာ တန်ခိုးထွားတာကို ထင်ဟပ်တဲ့ဖေါ်ပြချက်က အတော်ထိမိပါတယ်။

မနေ့ကပါပဲ ပြည်ပမှာထွက်နေကြတဲ့ မြန်မာပြည်သားတွေအကြောင်းလေး ရေးဖြစ်တယ်။ အခုတခါ ကျွန်တော်နေတဲ့ဆီမှာ နှင်းကျလာတာကို ရေးလိုက်တော့ မြန်မာပြည်မှာ ပူနေဆဲလို့ပြန်ရေးတာ ဖတ်ရတယ်။

ဟာဝိုင်ယီ၊ ဂျပန်နဲ့ ကိုရီးယားမှာရော၊ အယ်လ်အေခေါ် ကယ်လီဖိုးနီးယားမှာရော၊ နော်ဝေနဲ့ မော်စကိုမှာရော၊ ဆဒ်နီနဲ့ နယူးဇီလန်မှာရော မြန်မာလူမျိုးတွေနေထိုင်ကြတယ်။ ကျွန်တော်တို့ရဲ့ ဒုက္ခသည်အင်ပါယာမှာလည်း နေမဝင်ပါ။ ဥတုသုံးပါးလုံးနဲ့ပါ အကြုံးဝင်သေးတယ်။

ဥတုသုံးလီ၊ ရာသီဆယ်နှစ်ပါး၊
နေသွားလမ်းအကုန်၊ ဝန်ရိုးစွန်းတစုံ၊
ကမ္ဘာကုန်ကျယ်၊ မြန်မာဒုက္ခသည်၊
ရွှေပြည်မယ် ရွှေတံခါးကြီးပွင့်ပြီကွယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး