The Hoarse Race အသံနာတဲ့ပွဲ

၁၉၈၈ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့ ရွှေတိဂုံဘုရား အနောက်ဖက်မုဒ်ကစပြီး ဒေါ်အောင်ဆန်းစုကြည့်ရဲ့ လူထုကို နိုင်ငံရေးတရားဟောခဲ့တဲ့အသံနဲ့ ၅-၁၁-၂ဝ၁၅ နေ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတဲ့အသံဟာ သိပ်မကွာပါ။ ဒေါ်စုဟယ သတင်းထောက်တွေနဲ့ အဲလိုစကားမပြောခင် တလကျော်ကျော် မနေမနား လူစုလူဝေးပေါင်းများစွာကို စကားပြောခဲ့ပြီး ဖြစ်ပါတယ်။ သူ့အသံက မာဆဲ၊ ပြတ်သားဆဲ၊ စိတ်အားထန်သန်စွာပြောနိုင်ဆဲဖြစ်တာကို သတိထားမိပါတယ်။

၁၉၉၂ ခုနှစ် အမေရိကန်သမတရွေးပွဲတုံးက ဘီလ်ကလင်တန် အသံနာခဲ့တာကို သတိရကြမှာပါ။ သတင်းစာကြီတိုင်းက ရေးသားခဲ့ကြာပါသေးတယ်။ ၁၅-၁ဝ-၁၉၉၂ နေ့မှာ (ကလင်တန်) ကိုယ်တိုင် ကျနော် အသံနာပေမယ့် ကျန်းမာရေး ကောင်းပါတယ်လို့ ပြောပါတယ်။

အသံနာပြိုင်ပွဲ (သို့) သမတလောင်းတွေ အသံပျောက်တဲ့ပွဲလို့ ၂၅-၁-၂ဝဝ၈ နေ့တုံးက (ဝေါလ်စထရိ) သတင်းစာမှာ ရေးလိုက်တယ်။ သမတလောင်း (ဂျွန် အက်ဖ် ကနေဒီ) ကအစ (ဟယ်လရီကလင်တန်) ခင်ပွန်းအထိဟာ အိမ်ဖြူတော်ကို မရောက်ခင်မှာ အသံတွေနာခဲ့ကြရတယ်လို့ဆိုပါတယ်။ အသံနာအမြန်ပျောက်ဆေးလည်း ရှာကြရသေးပါတယ်။ ကလင်တန်က ရေတွေအများကြီးသောက်ပြီး အိပ်တဲ့အခါ စပါယ်ရှယ်ခေါင်းအုံးသုံးရပါတယ်။  ကာလီဖိုးနီးယား ဂါဗာနာ Pete Wilson ပိ ဝီလ်ဆင်ကတော့ အသံနာလို့ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ သူလည်း ရေနွေးငွေ့တွေရှူ၊ လက်ထက်ရည်နဲ့ ပလုပ်ကျဉ်းနည်းကို သုံးပါသေးတယ်။

မြန်မာပြည်ရွေးကောက်ပွဲမှာ ဘယ်သူမှ အသံနာပုံမရပါ။ တချို့လည်း တာထွက်စတုံးက အတော်မာထန်ရာကနေ တဖြေးဖြေးနဲ့ အသံပျော့လာတာသတိထားမိတယ်။ တချို့လည်း ဒေါသသံတွေထွက်တာကြားရတယ်။ တချို့လည်း အသက်မွေးဝမ်ကြောင်းအရ (ဆိုင်လင်ဆာ) သုံးပုံရတယ်။ အသံသိပ်မကြားရဘူး။ အဲ့ ကျည်ဆံတော့ပါတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၅
http://www.wsj.com/articles/SB120122572702815571

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး