War Reparations from Japan ဂျပန်စစ်လျှော်ကြေး

Myo Aung Poso ဂျပန်က မြန်မာကို ကူညီထောက်ပံ့ခဲ့တဲ့သမိုင်း အရမ်းမှေးမှိန်နေပါတယ်။

Tint Swe ဂျပန်စစ်လျော်ကြေးထဲက ဟီးနိုးဘတ်စ်ကာတွေကို လူအများသုံးရတယ်။ ရန်ကုန်-မန်းတလေးပြေး ဘတ်စ်ကားလည်း ဟီးနိုးကားနဲ့စခဲ့တယ်။ နောက်တော့ စစ်သုံးဟီးနိုးကားတွေကို တွေ့လာရတယ်။ ကျန် ဂျပန်စစ်လျော်ကြေးတွေကတော့ မဆလ လူကြီးတွေပဲသိမယ်။

ဂျပန်ကနေ စစ်လျော်ကြေးအဖြစ် ၁၆ နိုင်ငံကိုပေးခဲ့တယ်။
1. Micronesia မိုက်ခရိုနီးရှား
2. Myanmar မြန်မာ
3. Philippines ဖိလစ်ပိုင်
4. Indonesia အင်ဒိုနီးရှား
5. Laos လာအို
6. Cambodia ကမ်ဘောဒီးယား
7. Vietnam ဗီယက်နမ်
8. Korea ကိုရီးယား
9. Malaysia မလေးရှား
10. Thailand ထိုင်း
11. Taiwan တိုင်ဝမ်
12. Singapore စင်္ကာပူ
13. Holland ဟော်လန်
14. Switzerland ဆွစ်ဇာလန်
15. Denmark ဒိန်းမတ်
16. Sweden ဆွီဒင်

မြန်မာပြည်က ပဌမဆုံးသဘောတူညီမှုရတဲ့နိုင်ငံဖြစ်တယ်။
Myanmar 1955, 1963
72 billion indemnity
50.4 billion grant
18 billion Loans
10.8 billion Loans ပေးအပ်ခဲ့ပါတယ်။

မြန်မာပြည်ကို ၁၉၅၅-၁၉၆၃ အတွင်း စုစုပေါင်း ဂျပန်ယန်းငွေ ဘီလီယန် ၉ဝ ပေးတယ်။ အဲတာက ဂျပန်ဘတ်ဂျက်ရဲ့ ၉% နီးပါးရှိတယ်။ လောပိတရေအားလျှပ်စစ်စက်ရုံကိုလည်း ဂျပန်စစ်လျော်ကြေးထဲကနေ Nichimen Co., Ltd. ကနေ ဆောက်ပေးခဲ့တာ ဖြစ်တယ်။

ဂျပန်ကနေ ODA ဆိုတာလည်း နှစ်စဉ်ပေးနေခဲ့တယ်။ ၈၈ အရေးအခင်းကြီးကြောင့် ODA ဖြတ်မှပဲ လူတွေကသိရတာ။ ဘာတွေရသလည်းက စစ်ဗိုလ်ချုပ်တွေကပဲသိမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး