International Day of the Midwife နိုင်ငံတကာ သားဖွါးဆရာမများနေ့

နှစ်စဉ် မေလ (၅) နေ့ကို နိုင်ငံတကာသားဖွါးဆရာမများနေ့လို့ သတ်မှတ်ထားပါတယ်။ ၂ဝ၁၅ အတွက် ဆောင်ပုဒ်ကတော့ The World Needs Midwives Today More Than Ever ကမ္ဘာကြီးက သားဖွါးဆရာမတွေကို အရင်ကထက်ပိုပြီး လိုအပ်နေတယ်လို့ဖြစ်တယ်။ ၂ဝ၁၆ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ Women and Newborns: The Heart of Midwifery အမျိုးသမီးများနဲ့ မွေးစကလေး - သားဖွါးဆရာမများရဲ့အသည်းနှလုံး ဖြစ်ပါတယ်။ ၂ဝ၁၇ အတွက် ဆောင်ပုဒ်က Midwives, Mothers and Families: Partners for Life! ဖြစ်ပါတယ်။ သားဖွါး၊ မိခင်နဲ့ မိသားစု - ဘဝရဲ့ အဖော်မွန်အုပ်စုလို့ဖြစ်တယ်။

ဒီလိုနေ့ရက်သတ်မှတ်ကျင်းပရတဲ့ အယူအဆကို ၁၉၈၇ နယ်သာလင်မှာကျင်းပတဲ့ နိုင်ငံတကာ သားဖွါးဆရာမများ ကွန်ဖက်ဒရေးရှင်းကနေစတင်ခဲ့တာပါ။ ၅-၅-၁၉၉၁ နေ့ကစတင်ကျင်းပလာခဲ့ပြီး၊ အခုဆိုရင် နိုင်ငံပေါင်း (၅ဝ) ကျော်မှာ ကျင်းပကြပါတယ်။ ဒီနေ့မှာ သားဖွါးဆရာမတွေရဲ့အခမ်းကဏ္ဍကို လူအများသိကြအောင် အထူးပြုလုပ်ကြပါတယ်။ သားဖွါးဆရာမ တဦးချင်း အနေနဲ့လည်း တခြားအသက်မွေးလုပ်နေကြသူတွေကို ပိုပြီးနားလည်စေအောင် လုပ်ကြဘို့လည်း ပါတယ်။ သူတို့ လုပ်နေတာတွေကိုလည်း သူများတွေကသိကြအောင် လုပ်ကြပါတယ်။

ကျင်းပပုံနည်းလမ်းတွေ အမျိုးမျိုးကိုအကြံပေးထားပြီး ဆိုင်ရာနေရာဒေသနဲ့ကိုက်ညီမှာကို ရွေးလုပ်ဆောင်ကြဘို့ဖြစ်တယ်။ တေးဂီတပြိုင်ပွဲ၊ ကာရာအိုကေဆိုပွဲ၊ စီတန်းလမ်းလျှောက်ပွဲ၊ ပြေးပွဲ-ပြိုင်ပွဲ၊ ဆိုင်ခန်း-ပြခန်း၊ အခမ်းအနား-အစည်းအဝေးနဲ့ ဟောပြာပွဲတွေကျင်းပခြင်း၊ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေကို ဖိတ်ကြားခြင်း စတာတွေဖြစ်ပါတယ်။ မီဒီယာကို အသုံးပြုဘို့လည်း အကြံပေးထားပါတယ်။ ဖေ့စ်ဘွတ်၊ တွစ်တာစတဲ့ လူမှုကွန်ရက်တွေကိုလည်း အသုံးပြုပြီး အသိပညာနဲ့ အသိမိတ်ဆွေတိုးကြဘို့လည်းပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၅
၃ဝ-၄-၂ဝ၁၆
၃ဝ-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး