ရံပုံငွေ

Hla Win Nwet ရန်ပုံငွေလား ရံပုံငွေလား သိချင်မိပါတယ်။ အဆင်ပြေရင်ကြုံကြိုက်ရင်ဖြင့် သိချင်ပါတယ်။ သူများတွေ တင်ထားတာတွေ့လို့  မိမိအထင်ကဖြင့် ရံ လို့ တော့ထင်မိပါတယ်။

Chit KoKo ရန်ပုံငွေပါ

Hla Win Nwet အများကဖြင့် ရန်လို့သုံးပေမဲ့ အနက်ကကွာမယ်ထင်တယ်။ ဝိုင်းရံပြီးထည့်ငွေဆိုတော့ ရံလို့ ထင်ပါတယ်။ ဆရာအမြင်နဲ့ အသိကိုလိုချင်တာပါ။

Tint Swe သတ်ပုံစာအုပ်ဟောင်းမှာ ရံပုံငွေလို့ရေးတယ်။ ခေတ်စာအုပ်တွေမှာ ရန်ပုံငွေလို့ရေးတယ်။

သတ်ပုံစာအုပ်ဟောင်းမှ အသုံးများ
ကာရံ
ကာရံဝါကျ
ကိုယ်ရံကြီး
ကိုယ်ရံတော်
တခါတရံ
တရံရောအခါ
ဗညားရံ
ရံပတ်
ရံဖန်ရံခါ
ရံခြုံ
ရံစောင် (အရံစောင့်ထားသည်)
ရံရွေတော်
ရံရွေဘော်
လှည်းရံတိုင်
လှည်းရံတိုင်
ဝန်းရံ
ဝန်းရံ
ဝန်းရံခြင်း
အခြွေအရံ
ကျောင်းနံရံ
ရွှေစာရံဘုရား
နွားမရံရွာ

ရန်
စားရန် သောက်ရန်
စားရန်ငွေ
ဆင်ရန်သွားသည်
နန်းရန်ညွန့်ဖူး
ပန်းရန်သမား
ပြုလုပ်ရန်
ရန်ကုန်မြို့
ရန်စွယ်နှင့်ငေါငေါ
ရန်ပုံခွင်းအမြောကရောင်းရန် ဝယ်ရန်
ရန်ပွဲဖြစ်သည်
ရန်ကြီးအောင်
ရန်မန်မင်း
ရန်ပြုသည်
ရန်သူ
ရန်တွေ့သည်
ရန်ပေါင်မင်း
သွားရန် လာရန်
ဘေးရန်တားဆီး

သတ်ပုံစာအုပ်သစ်မှ အသုံးများ
ရံပတ်
ရံဖန်ရံခါ
ရံရွေတော်
လှည်းရံတိုင်
ဝန်းရံ

ရန်
ဖိနပ်တရန်
ရန်ကုန်တိုင်း
ရန်ဆူးရန်ငြောင့်
ရန်တုံ့မူ
ရန်ပုံငွေ
ရန်ဖျဉ်
ရန်ငြိမ်း
ရန်ငြိုးဖွဲ့
ရန်မာန်ဘေးဒဏ်
ရန်မူ
ရန်ပြု
ရန်သတ္တရုပြု
ရန်ပြေမာန်ပြေ
လက်ကောက်တရန်
အတွင်းရန်၊ အပြင်ရန်။

ကျွန်တော်အမြင်ကတော့ ရံပုံငွေ။

ပါတီရံပုံငွေကို တလွဲတွေထင်ပြီး ကျွန်တော်အိန္ဒိယမှာနေစဉ်က ရန်ပြုခံခဲ့ရတာ တကယ့်အဖြစ်အပျက်ပါ။ ဘတ်ဂျက် ပရိုဂျက်ရှင်း ထုံးစံအတိုင်း နှစ်အစမှာ အရံငွေကို ရာခိုင်နှုန်း သတ်မှတ်ထားရတယ်။ ဘဏ္ဍာရေးအစီရင်ခံစာမှာ အမှန် စုစုပေါင်းဝင်ငွေ၊ စုစုပေါင်းသုံးငွေ နဲ့ စုစုပေါင်းလက်ကျံငွေ ပြရတယ်။ စာရင်းစစ်အစီရင်ခံစာနဲ့ စာရင်းကိုက်ပေမယ့် စာရွက်ထဲမှာရေးထားခဲ့တဲ့ အရံငွေ ဆယ်နှစ်စာ ကျွန်တော့်အိတ်ထဲမှာရှိတယ်လို့ စွပ်စွဲပါတယ်။ သူတို့ကပဲ ဥက္ကဋ္ဌအဖြစ်က ဖယ်ရှားသည်လို့ စာထုတ်တယ်။

အရံငွေ နဲ့ ရန်ပြုခြင်း သတ်ပုံဟာ လူ့သိက္ခာကို အန္တရာယ်ပေးခဲ့တာဖြစ်လို့ မမေ့ပါ။ အတွင်းရန်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး