ရေတွေရေတွေ စိုကုန်ပြီ

၁။ ဆရာမင်္ဂလာပါ။ သမီးအသက် ၂၄ ပါဆရာ။ နောက်လထဲ အိမ်ထောင်ပြု မှာပါဆရာ။ ကလေးမလိုချင်ရင်ဘယ်လိုလုပ်ရမလဲ သိချင်လို့ပါ။ ကွန်ဒုံးနည်းမဟုတ်ပဲ ဆိုးကျိုးအနည်းဆုံးဖြစ်မဲ့ဆေး ပြောပြပေးပါရှင့်။ စာရေးတာမှားရင်ခွင့်လွှတ်ပါဆရာ။ တားဆေးသုံးရင် နောက်ပိုင်း ကိုယ်ဝန်မရနိုင်ဘူးစိုတာ မှန်လားဆရာ။

တားဆေး-တားနည်းတွေ ခဏခဏတင်။ ဘလော့မှာလည်းဖတ်နိုင်။ စိုတာလို့ မရေးရ။ ဆိုတာ (ပြောဆိုတာ) လို့သာရေးရ။

၂။ သမီးသားလေးက ခုစိုတတန်းတက်နေတာပါ။ သူများကလေးတွေ တတန်းစို ငယ်သွားလဲနေပြီ။ သူကခုထိ ပိုးမစား ကျိုးလည်းမကျိုးဘဲဖြစ်နေတော့ စိုးရိမ်လို့ ပါဆရာ။

အခုဆို (အခုပြောမယ်ဆိုရင်) လို့သာ ရေးရ။ တတန်းဆို (တတန်းလို့ပြောမယ်ဆိုရင်) လို့သာ ရေးရ။

စို
စိမ်းလန်းစိုပြေ
စိုစွတ်သည်
စိုစိုပြည်ပြည်
စိုစိုပြေပြေ
စိုရွှဲနေသည်
ရွှန်းရွှန်းစိုစို
အရောင်စိုသည်
ရေစိုနေသည်
မိုးစိုနေသည်

ဆို
စာဆိုတော်နေ့
ဆိုရှယ်လစ်စနစ်
ဝါဆိုလ
သီချင်းဆိုသည်
အဆိုတင်သွင်း
အဆိုအမိန့်
ပြောဆိုသည်
ပြောပြောဆိုဆို
ဆိုကြပါစို့ ခွဲရသည်က ခဏတာ
ဆိုပါအုန်း ဘာကိစ္စလဲ
သူဆိုရင် သိပ်တော်တာပဲ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး