ပညာ၏တည်ရာ ပြဿနာ

မိလိန္ဒမင်းသည် အသျှင်ဘုရားနာဂသေန ပညာသည် အဘယ်အရပ်၌ ထင်ရှားစွာနေပါသနည်းဟု မေးလျှောက်၏။

မင်းမြတ် ပညာသည် တစုံတခုသောအရပ်၌ ထင်ရှားစွာ မနေဟု မိန့်တော်မူ၏။

အသျှင်ဘုရားနာဂသေန သို့ဖြစ်လျှင် ပညာသည် မရှိပါသလောဟု (မေးလျှောက်၏)။

မင်းမြတ် လေသည် အဘယ်အရပ်၌ ထင်ရှားစွာနေပါသနည်းဟု (မိန့်တော်မူ၏)။

အရှင်ဘုရား လေသည် တစုံတခုသောအရပ်၌ ထင်ရှားစွာ မနေဟု (လျှောက်၏)။

မင်းမြတ် သို့ဖြစ်လျှင် လေသည် မရှိသလောဟု (မေးတော်မူ)။

ဒီစာကိုဖတ်ရ၍ ပညာတစုံတခု (တစ်စုံတစ်ခု  မဟုတ်) ရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး