Life is a beautiful struggle ဇာတ်ဝင်ခန်း

မနှစ်က ဒီနေ့မှာ ပြည်ပနဲ့ လွတ်မြောက်နယ်မြေမှာ ပါတီတဖွဲ့တည်းလုပ်ခဲ့သူတယောက် ထိုင်း-မြန်မာနယ်စပ်မှာ ကွယ်လွန်သွားတဲ့သတင်း ကြားရတယ်။

နိုင်ငံရေးအတွက် ပြည်ပထွက်ကြသူတွေ ၁၉၈၈ မကုန်ခင်ကတသုတ်နဲ့ ၁၉၉ဝ ရွေးကောက်ပွဲအပြီးမှာတသုတ်တို့က အများဆုံးဖြစ်တယ်။ အခုဆိုရင် နှစ်ပေါင်း (၂၉) နှစ်နဲ့ (၂၇) နှစ်စီကြာသွားပြီ။ ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲတွေမှာ ပြည်ပရောက်ပြီးမှ အထဲပြန်ဝင်သူတွေရှိတယ်။ အခုထိပြန်မဝင်ကြသူတွေဟာ ပြည်ပမှာပဲ ခေါင်းချတော့မယ့်သူတွေလို့ ယေဘုယျပြောလို့ရတယ်။ ဆောရီး။ ပြည်ပနဲ့ တောထဲကိုထွက်မလာခင်က အခြေခံတွေ၊ ထွက်လာခဲ့တဲ့ မျှော်မှန်းချက်တွေ၊ ထွက်လာပြီးလုပ်ကြတဲ့ အလုပ်တာဝန်တွေနဲ့ နည်းနာတွေ မတူကြသလို အပြောင်းအလဲရှိလို့ အကဲဖြတ်ကြတာမှာလည်း မတူကြပါ။

အားမနာတမ်းပြောရရင် ဇာတ်သိမ်းခမ်းတွေပေါ့။ မြန်မာပြည်နိုင်ငံရေးမှာ ဘဝတွေဇာတ်သိမ်းကြတာ အမျိုးမျိုးရှိတယ်။ ကွန်မြူနစ် (အဖြူနဲ့ အနီ) တွေ၊ တိုင်းရင်းသားလူမျိုးစုံက လက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီရေးကြိုးပမ်းကြသူတွေ။
ဘဝတခုစီ ဇာတ်သိမ်းသွားပေမယ့် မြန်မာ့နိုင်ငံရေးဇာတ်ရှည်ကြီးကတော့ ဆက်ကနေပါတယ်။ လူတိုင်းကိုယ်စီ ခြေရာ လက်ရာလေးတွေ ချန်ထားရစ်ခဲ့ကြတယ်။

စစ်မှန်တဲ့ရည်မှန်းချက်အတွက် အသက်ပေးသွားသူအားလုံး၊ အဖွဲ့အစည်းနဲ့ လူမျိုမရွေးကို ဦးညွတ်ပါတယ်။

ဘဝတွေ တစစီဖြစ်သွားကြတာတော့ တူကြတယ်။ နောက်ဆုံးလူတွေက ခေါင်းချတာမှာပါ တူကြတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၆
၃ဝ-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ