CIA စီအိုင်အေ တဲ့

လွန်ခဲ့တဲ့ (၂) နှစ်လောက်က ပြည်ပြေးလို့အခေါ်ခံရသူတွေ နေ့နံမကောင်းဖြစ်ခဲ့တယ်။ ဘုန်းကြီးဘွဲ့နဲ့ကတခါ။ လူနာမည်ကတခါ စွပ်စွဲလာတယ်။ အမေရိကားမှာဆန္ဒပြရင် CIA က ဘယ်လောက်ထောက်ပံ့ကြေး ပေးပါသလဲတဲ့။

ကျွန်တော်တော့ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတခါ၊ ယူအက်စ်အေမှာ ဆန္ဒပြတာ ပါဘူးတယ်။ မေရီလင်းကနေ ဝါရှင်တန် ဒီစီသွားဖို့ အသွားအပြန် မက်ထရိုခကုန်ခဲ့တယ်။ US ကိုအရင်က ၅ ခေါက်ရောက်တယ်။ CIA ရုံးချုပ်နားလည်း ရောက်တယ်။ ပိုက်ဆံပေးတဲ့သူ အခုထိမတွေ့သေးပါ။

CIA, KGB တို့နဲ့မခြား၊ မြန်မာပြည်က MI ကလည်း ငွေသုံးနိုင်ပါတယ်။ စောစောကကိုယ်တော်နဲ့ လူဝတ်တို့ဟာ ဆန္ဒပြလို့ ပိုက်ဆံရတဲ့သူတွေဖက်က ပြောကြတာဖြစ်မယ်။

စစ်အစိုးရက ကွန်မြူနစ်တရုပ်ဆီက ယူတာကိုကြ ထောက်မပြဘူး။ တရုပ်ပေးနည်းက ရော့ပတ္တမြား၊ ရော့နဂါး မဟုတ်။ ရော့နဂါး၊ ရော့ကြေးစင်တောင်က ကြေးပြား။ ကွန်မြူနစ်ဟောင်းရုရှားဆီက နယူကလီယာရီယက်တာရတယ်။ အဲဒီ ကွန်မြူနစ်လူထွက်နဲ့ အယောင်ဆောင် ကွန်မြူနစ်တွေက လုံခြုံရေးကောင်စီမှာ အမေရိကန်တွေနဲ့ အတူထိုင်ကြတယ်။ အမေရိကန်ကတော့ ကောင်းပါတယ်လို့ပြောမယ် မထင်ပါနဲ့။ ယန်းကီးကိုလည်း ပြောစရာရှိတိုင်း ပြောတယ်။

CIA က သူ့အလုပ်သူလုပ်မယ်။ MI ကတော့ သူ့အလုပ်မဟုတ်တာပါ လုပ်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး