Please Forgive Me သည်းခံတော်မူကြပါ

Supa Mann မြန်မာစာ (သတ်ပုံ)တွေကို ဆရာက ကြိုးစားပြီး ပြင်နေတာ ခဏခဏတွေ့လို့ ကျနော်ဝင် cmt ပေးတာပါ။ နိုင်ငံတော်ကနေ မြန်မာစာဌာနကိုတာဝန်ပေးရမယ်။ နိုင်ငံတော်တာဝန်ရှိတယ်။ ကျနော်တို့သုံးနေတဲ့ ဖုန်းအမျိုးမျိုးမှာ မြန်မာစာ လက်ကွက်အမျိုါ်မျိုးရှိတယ်။ သည်တော့ တမျိုးကိုပဲ သတ်မှတ်အသုံးပြုဖို့ နိုင်ငံတော်က ဆောင်ရွက်ပေးရမှာ။ ကားမောင်းသလိုပဲ။ ဘယ်မောင်းလား။ ညာမောင်းလား။ သတ်မှတ်ရမှာ။ အရေးမကြီးတဲ့အရာဆိုပြီး သည်အတိုင်း ထားထားရင် ဆရာ စာလုံးပေါင်းသက်ပုံပြင်ရတဲ့အချိန်ကို ကျနော် နှမြောလို့ပါ။ ဆေးပညာပဲ ဝေမျှပါ။ ဆေးပညာအမေးကို အချိန် ပိုပေးပြီးဖြေပေးပါ။ blog ကို ပြန်မကြည့်ခိုင်းပါနဲ့။ ကျနော်တို့  လိုင်းမကောင်းတော့ blog ကိုဝင်လို့ မရပါဘူး။

ဆောရီး။ အဲလိုမဖြစ်နိုင်ကြောင်းပါ။ သတ်ပုံစာမဖတ်လိုသူများ ဘလော့နိုင်ပါတယ်။ စိတ်မဆိုးပါ။ တခြားလူတွေအတွက် နေရာရစေပါမယ်။ ကျန်းမာရေးသက်သက်သာရေးတဲ့ဆရာဝန်တွေ ရှိမှာပါ။ ကျွန်တော်က တမျိုးတည်းမက ရေးနေတာ ကြာလှပြီ။

စာတွေစရေး၊ မေးတာတွေစဖြေကတည်းက အမျိုးမျိုးအကြံပေးတာတွေ လာတယ်။ နည်းတွေကတော့ စုံလှပြီ။ နိုင်ငံရေး မရေးပါနဲ့လည်းပါတယ်။ ဘလော့ဝင်မရလို့ လာတယ်။ အဲဒီတုန်းက ဖေ့စ်ဘွတ်မပေါ်သေးပါ။

ဘလော့ပေါ်စကတည်းက ရေးနေတာ။ အဲဒီကာလ ဘလော့တွေက ခုလောက် အဆင်မချောသေးပါ။ ပိုက်ဆံအကုန်ခံပြီး ဝဘ်ဆိုင်ဒိုမိန်းတခု ဝယ်သုံးခဲ့သေးတယ်။ နောက်တော့ ငွေမတတ်နိုင်လို့ ဘလော့သာ အားကိုးရေတော့တယ်။ အခုတော့ ဘလော့က အဆင်ပြေပါတယ်။

ဖေ့စ်ဘွတ်ကိုလည်း တခုတည်းက လူနည်းတယ်ဆိုလို့ ပေ့ခ်ျတခုနဲ့ နောက် အကောင့်တခု၊ စုစုပေါင်း (၃) ခုလုပ်ထားတယ်။ တင်စရာတိုင်းကို အဲဒီသုံးခုနဲ့ ဘလော့၊ အားလုံးဆို လေးခုမှာတင်ရတယ်။ တခုခုမှားလည်း အဲဒီလေးနေရာနဲ့ သိမ်းထားတဲ့ ဖိုင်ကိုပါ အကုန်လိုက်ပြင်ရတယ်။

ကျွန်တော်က လခစားမဟုတ်ပါ။ ဘယ်သူကမှလည်း ထောက်ပံ့ပေးနေတာမဟုတ်ပါ။ ဘယ်ဟာကိုသာ ရေးပါလို့တော့ မပြောသင့်လို့ ထင်ပါတယ်။ မကြိုက်တဲ့သူက ကျော်သွားလို့ရတာပဲ။ ဘလော့လည်း ရတာပဲမဟုတ်လား။ မေးနည်းမှာ စည်းကမ်းလေးလုပ်ထားတော့ အချိန်ကုန်သက်သာတယ်။ ခုတော့ နည်းနည်းတိုးတက်တာကလွဲရင် အဆင်မပြေသေးပါ။ မေးနည်းစည်းကမ်းအကြောင်း မပြောရ၊ မပို့ရတဲ့နာရီမရှိပါ။ ကြားထဲမှာ အဆီအငေါ်မတည့်တာတွေကသာ အချိန်ကို ကုန်စေတယ်။

ကျွန်တော် ဆေးပညာစာလည်းရေးမယ်။ မေးတာတွေလည်း ဖြေတတ်တာဖြေမယ်။ နိုင်ငံရေးနဲ့ သုတစာတိုလေးတွေပါ ရေးပါမယ်။ ရေးနိုင်တဲ့အထိပေါ့။ ကြာတော့မယ်တော့ မထင်။ သည်းခံတော်မူကြပါ။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၇
ည (မနက်) ၂ နာရီ၊ ၁၁ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး