Controversial Supplements အငြင်းပွါးဆေးများ အရောင်းပိတ်

- Alternative Medicine ခေါ်တဲ့ ဆရာဝန်တွေ သုံးနေကြမဟုတ်တဲ့ ဆေးနည်းထဲက အားဆေး၊ ပိန်ဆေး၊ အဟာရဖြည့်ဆေး၊ ဗီတာမင်ဆေးဆိုတာတွေ ဆေးဆိုင်တွေကနေ ပြန်လည်ရုပ်သိမ်းလိုက်တဲ့သတင်း ၉-၄-၂ဝ၁၅ နယူးယောက်တိုင်းမ် သတင်းစာမှာ ဖေါ်ပြလိုက်ပါတယ်။
- Jetfuel T-300 နဲ့ Jetfuel Superburn ခေါ်တဲ့ လူသုံးလည်းမှားလာတဲ့ နာမည်ရဆေးတွေလည်း ပါတယ်။ Diet supplements အာဟာရဖြည့်ဆေးအမျိုးအစားလို့ သတ်မှတ်ပါတယ်။ ရောင်းတာကလည်း Vitamin Shoppe ဗီတာမင် အရောင်းဆိုင်တွေက ဖြစ်ပါတယ်။
- ဆေးတွေထဲမှာ Amphetamine-like substance ဓါတ်တွေ ပါနေလို့အဲလိုလုပ်ရတာပါ။ Amphetamine ဆိုတာ ရာဘ (ယာဘ) စိတ်ကြွဆေးထဲမှာ အဓိကပါတဲ့မူးယစ်ဆေးဖြစ်ပါတယ်။
- ၂ဝ၁၃ ခုနှစ်တုံးက acacia rigidula နာမည်နဲ့ရောင်းတဲ့ ပိန်ဆေးဆိုတာတွေထဲမှာ BMPEA ဓါတ်တွေပါနေလို့ FDA ကနေ ပိတ်ပင်ခဲ့ရပါတယ်။ Vitamin Shoppe ဆိုင်ပေါင်း ၇ဝဝ ကနေရောင်းခဲ့တာပါပဲ။
- BMPEA (beta-methylphenylethylamine) ဆိုတာ phenethylamine အုပ်စုထဲကဖြစ်ပြီး amphetamines နဲ့ hallucinogens like mescaline ဆေးတွေပါတယ်။ စိတ်ကိုပြောင်းလဲစေတယ်။ သူများမမြင်တာတွေပြင်၊ သူများ မကြားတာတွေကြားနေတဲ့ စိတ်ပြောင်းလဲမှုကို ဖြစ်စေတယ်။ LSD-like effects မူးယစ်ဆေးနဲ့လည်း သတ္တိဆင်တယ်။ သွေးဖိအား တက်စေတယ်။ နှလုံးခုန်မြန်စေတယ်။ Hi-Tech Pharmaceuticals ကနေ လူ ၁ဝ ယောက်ကိုစမ်းကြည့်တော့ တမိနစ်မှာ နှလုံး ၁၁ ကြိမ်ပိုခုန်တာတွေ့ရတယ်။ သွေးဖိအား အပေါ်ဂဏန်း ၂၂ ဆက်စေတယ်။
- Ephedra ပိန်ဆေးကြောင့် ၁၉၇၇ မှာ အမေရိကားမှာ လူတယောက်သေဆုံးခဲ့တယ်။

မြန်မာပြည်မှာ ပိန်ဆေး-ဝဆေး-ဖြူဆေး-ရှည်ဆေး-ကျဉ်းဆေးဆိုတာတွေ လက်လွတ်စပယ် ဝယ်နေကြ ရောင်းနေကြတယ်။ သတိထားကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၅
၁၃-၄-၂ဝ၁၇

Comments