Pupil and Colleague လုပ်ဖေါ်ကိုင်ဖက်
မြန်မာပြည် အညာတောရွာလေးတရွာကနေ ဖုန်းဆက်လာတယ်။ ၁၉၉ဝ တုံးက အရွေးခံခဲ့တဲ့နယ်ကပါ။ အဲသည်တုန်းကတည်းက စည်းရုံးရေးအတူလုပ်ခဲ့သူတယောက်ပေါ့။ သူကဖုန်းဆက်ချင်နေတာကြာပြီ။ ကျွန်တော် အရင်သုံးနေတဲ့ ဖုန်းနံပါတ်ဟောင်းကနေ ဆက်ကြိုးစားနေတာသိထားတယ်။ အခုပဲပြောဖြစ်ပါတယ့့် ဆရာ့တပည့်တော့ ဝန်ကြီးဖြစ်သွားပြီတဲ့။ ဆရာ ကျွန်တော်တို့နယ်ကိုလာပါဦးတဲ့။
ကျွန်တော်က တပည့်ဆိုတဲ့အသုံးကို မသုံးတတ်ပါ။ ကျောင်းစာဖြစ်ဖြစ်၊ ဆေးပညာဖြစ်ဖြစ် သင်ပေးရသူတွေတော့ အတော်များပါတယ်။ အသက်သိပ်ငယ်လွန်းတဲ့ ယောက်ျားလေး မိန်းကလေးတွေကိုတော့ တခါတလေမှာ ငါ့တပည့်လို့ ပြောမိတာက ရီသလိုမောသလိုသာဖြစ်ပါတယ်။
ကျောင်းသားတပည့်ကို Pupil လို့သုံးတယ်။ သူငယ်တန်းအရွယ်လို့ အကြမ်းသတ်မှတ်ပြီး၊ အလယ်တန်း ကျောင်းသားကို Schoolboy/schoolgirl လို့သုံးပြီး အထက်တန်းနဲ့ ကောလိပ်ကျောင်းသားကိုသာ Student သုံးတယ်။ Pupil အဓိပ္ပါယ်မှန်က (၁) ငယ်ရွယ်တဲ့ကျောင်းသား၊ ဆရာကနေကြပ်မတ်သင့်ပေးနေတဲ့ ကျောင်းသားကိုခေါ်တယ်။ (၂) ဥပဒေမှာ အုပ်ထိန်းသူအောက်က မိဘမဲ့ကလေးကိုခေါ်တယ်။ ရှေးခေတ်ရောမဥပဒေမှာ အရွယ်မရောက်သေးတဲ့ မိဘမဲ့ကလေး၊ ကျွန်အဖြစ်ကလွတ်လာတဲ့ မိဘမဲ့ကလေးကိုခေါ်တယ်။
တိုင်းဝန်ကြီးဖြစ်သွားသူက Colleague လုပ်ဖေါ်ကိုင်ဖက်ထဲကတယောက်ပါ။ လယ်ကန်သင်းတွေကို ခွကျော်၊ တောင်ပေါ် တက်ဆင်းခဲ့ရတာတွေ၊ ကိုယ့်ကားလေးနဲ့ကိုယ်မောင်းသွားလာခဲ့ရတာတွေ၊ လှည်းနဲ့ ဟိုဟိုသည်သည် သွားလာခဲ့ရတာတွေ၊ ရွာတိုင်းစေ့ ဟောခဲ့ပြောခဲ့ရတာတွေကို ပြန်အမှတ်ရတယ်။ ရွာသူရွာသားတွေက ကျွေးမွေးခဲ့တာတွေလည်း မမေ့ပါ။ မဲပေးတာယူ မဲပေးသူတွေကို ထားခဲ့ရတာ နှစ်အစိတ်ကျော်ပြီ။ စိတ်ကတော့ မနေ့တနေ့ကလိုပဲ။ ကျွန်တော့်မှာ တပည့်မရှိပါ။
ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၆
၁၃-၄-၂ဝ၁၇

Comments
Post a Comment