Warning ကြောက်စရာက အထဲမှာ

ကျွန်တော်တင်တဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန် ပဋိပက္ခအပေါ် တရုပ်က အချိန်မရွေး စိုးရိမ်နေပို့စ်ထဲမှာ ကျွန်တော်က အပိုအဆာမထည့်ပါ။ ထုတ်နှုတ်လည်းမထားပါ။ မြောက်ကိုရီးယားခေါင်းဆောင်ပုံကို ပရိုဖိုင်းလ်လုပ်ထားသူတယောက်နဲ့ တရုပ်စာလိုလို ကိုရီးယားစာလိုလို အိုင်ဒီလုပ်ထားသူတယောက်ကို ဘလော့လိုက်ပါတယ်။

မြန်မာပြည်ထဲမှာ အဲလိုမျိုးတွေ တရားဝင်ရှိနေတဲ့အချက်နဲ့ အုပ်စုတခုရဲ့ အလိုတော်ရိလို့ ယူဆရသူတွေကလည်း ဒီသတင်းကို အမြတ်ထုတ်နေကြတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံမှုနဲ့ အများပြည်သူသဘာထားကို ဖေါက်စားနေသူတွေဟာ မြောက်ကိုရီးယားနဲ့ အမေရိကန် တင်းမာမှုထက် ကြောက်စရာကောင်းတယ်။ မြောက်ကိုရီးယားဆီက မဟုတ်ပါ။ အမေရိကားဆီကလည်း မဟုတ်ပါ။ တရုပ်ဆီကလည်း မဟုတ်ပါ။ နေပြည်တော်နဲ့ ရန်ကုန်မှာလို့ ထင်ရတယ်။

CNN ထိပ်တန်းသတင်းခေါင်းစဉ်များ
• Cops fired after videos surface of them punching and kicking motorist ရဲကနေ ကားသမားကို ထိုးကြိတ် ကန်ကြောက်နေတဲ့ ဗီဒီယိုကြောင့် ရဲအလုပ်ထုတ်ခံရ
• Aaron Hernandez acquitted in double-murder case နှစ်ထပ်ကွမ်းလူသတ်မှုသတင်း
• NSA's Windows hacking tools leaked နာဆာသတင်း
• A year later, killing of 8 Ohio family members still shrouded in mystery မိသားစုလိုက်သတ်ခံရမှုသတင်းဟောင်း
• Uber lost $2.8 billion last year စီးပွါးရေးသတင်း
• 36 ISIS fighters killed by US mother of all bombs အကြီးစားဗုံးကြောင့် အိုင်အက်စ် ၃၆ ယောက်သေ
• ISIS: 11-ton bomb didn't get any of us အိုင်အက်စ်က သူ့လူတယောက်မှမသေလို့ပြောဆို
• NFL's head of officiating resigns အားကစားသတင်း

မှတ်ချက် = CNN က အမေရိကန် ထိပ်တန်းသတင်းဌာနဖြစ်တယ်။ ထိပ်တန်းသတင်းဌာနရဲ့ ထိပ်တန်းသတင်းတွေထဲမှာ မြောက်ကိုရီးယားသတင်း မပါ။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၇
ညနေ ၅ နာရီ၊ ၅၃ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး