Kitchen အမေ့မီးဖိုချောင်

ကျွန်တော် ငါးတန်းစတက်ကတည်းက ဒီမီးဖိုချောင်မှာ အမေကိုယ်တိုင် ချက်ပြုတ်ကြော်လှော်တာကို စားခဲ့ရပါတယ်။ ဆေးကျောင်းသွားတက်လို့ အိမ်ပြန်လာရင်လည်း အဲလိုပဲ မြိန်ရေယှက်ရေစားတယ်။ ဆရာဝန်ဖြစ်လို့ ရောက်တဲ့အရပ်ကနေ အိမ်အလည်ပြန်တဲ့အခါတိုင်းမှာ အမေ့မီးဖိုချောင်က စားစရာတွေကိုသာ မက်မက်မောမော စားပါတယ်။

နိုင်ငံရေးလုပ်တော့ အမေ့မီးဖိုချောင်ကစားစရာ စားရခဲသွားပြီ။ မုံရွာရောက်တိုင်း အမေအဖေအိမ်မှာ တည်းချင်မှသာ တည်းရတော့တယ်။ ထောက်လှမ်းရေးကို မျက်ခြေဖြတ်ဖို့ကြိုးစားရတာနဲ့ အမေချက်ကျွေးတာ မစားရပါ။

စစ်အစိုးရအောက်မှာ နိုင်ငံရေးလုပ်ရတာ အမေ့မီးဖိုချောင်နဲ့ပါ ရှင်ခန်းဖြတ်ခဲ့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး