Systemic Practice ဆေးရောင်း ဆေးဝယ်

သူများတွေဆီမှာ ဆေးဝယ်ရတာ နှစ်မျိုးရှိတယ်။ တမျိုးက OTC ဆေးကောင်တာမှာ ပြထားတဲ့ဆေးကို ကြိုက်သလို ဝယ်နိုင်တယ်။ နောက်တမျိုးက Rx ဆရာဝန်ဆေးလက်မှတ်နဲ့သာရောင်းတယ်။ ဆေးလက်မှတ်ဆိုတာက မြန်မာပြည်မှာလို စာရွက်လေးပေါ်မှာ ဆရာဝန်ကနေရေးပေးပြီး (ဆမ) နံပါတ်ပါတဲ့ တံဆိပ်တုံးနှိပ်တာမျိုး မဟုတ်ပါ။ ဆရာဝန်ကနေ လူနာရဲ့ ဆေးမှတ်တမ်းမှာ ညွှန်တဲ့ဆေးတွေကိုရေး၊ လူနာကို ဘယ်ဆေးဆိုင်မှာ ဝယ်မှာလည်းမေးပြီး၊ အဲဒီဆေးဆိုင်ကို အီးမေးလ်နဲ့ တခါတည်းပို့လိုက်တယ်။ လူနာက ဆေးခန်းကနေအပြန် ဆေးဆိုင်ဝင်ဝယ်ရတယ်။ နာမည်နဲ့ မွေးသက္ကရာဇ်ပါ အိုင်ဒီ ပြတာနဲ့ ဆေးဆိုင်က ဆေးထုတ်ပေးတယ်။ ဆေးပုလင်းမှာလည်း လူနာမည်နဲ့ ဆေးသောက်နည်းကို တခါတည်း ပရင့်ထုတ် ကပ်ထားပြီးသား။ မှားစရာမရှိဘူး။

အမှန်က စနစ်ပါပဲ။ မြန်မာပြည်မှာ နည်းပညာကတော့ လက်လှမ်းမီတဲ့နေရာတွေမှာ မီလာပြီ။ စနစ်ကျအောင်တော့ အတော်လုပ်ကြရမယ်။ အစိုးရသစ်လက်ထက်မှာ ဂျပန်နဲ့ အနောက်နိုင်ငံတွေကနေ အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်လာကြတာကို သဘောကျတယ်ဆိုတာ သူတို့ဆီကလုပ်ရင် ဘာမဆိုစနစ်ကျတာမို့ အဲလိုပြောရတာဖြစ်ပါတယ်။ တရုပ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံလောက်ကိုသာ အားမကျနဲ့။

ဆေးကုသပေးတဲ့ဆရာဝန်၊ ဆေးထုတ်တဲ့ကုမ္ပဏီ၊ ဆေးဆိုင်တွေက စနစ်ကျရမယ်။ ဥပဒေကလည်းလိုတယ်။ မှားတဲ့သူကတော့ ခံရမယ်။ လူနာကပါ စနစ်ကျမှသာ ရောဂါပျောက်ကင်းချမ်းသာပါမယ်။ မှားရင် လူနာပဲခံရမယ်။ လူနာတဦးနစ်နာရင် လူဦးရေတခုလုံး နစ်နာတာနဲ့အတူပဲ။ စနစ်ကောင်းအောင်လုပ်ကြစို့။

ဆရာဝန်လက်ရေး ဖတ်မရဆိုတာ အစဉ်အလာပြောစမှတ်ရှိတယ်။ ပြောလည်း ပြောစရာပါပဲ။ ဆေးစစ်ချက်တွေကို ဓါတ်ပုံရိုက်ပြီးမေးကြတာ လက်ရေးနဲ့ဆိုရင် ကျွန်တော်လည်း မဖတ်တတ်တာက များတယ်။ ကျွန်တော်ရေးတာလည်း ဖတ်ရမှာမဟုတ်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၆
၂၂-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ