Lysine supplement လိုင်ဆင်း

ကျွန်မ သမီးနဲ့သားလေးကို အခုတိုက်ကျွေးနေတဲ့ အားဆေးအကြောင်းပါ။ သမီးလေးက အသက် ၇ နှစ်၊ ညဏ်ရည် ကောင်းတဲ့ဆေး တိုက်ပါတယ်။ သားလေးက အသက် ၄ နှစ်။ အစာစားတဲ့ဆေး တိုက်ပါတယ်။ ဆေးပြားလေးတွေပါဆရာ။ ဆေးရဲ့ကောင်းကျိုးဆိုးကျိုး တိုက်သင့် မတိုက်သင့် သိချင်လို့ပါ။ ဆေးပုလင်းပုံးလေးတပုံ ပို့ပေးပါရစေ။

အရင်ကလည်း မေးကြတယ်။ ဆရာရှင့် သမီး သမီးလေးက ၅ နှစ်ပါ။ အစားကောင်းကောင်းမစားလို့ lysine ပါတဲ့ဆေး တိုက်ပါတယ်။ lysine ပါတဲ့ အားဆေးတွေက စွဲသောက်ရင် ဦးနှောက်ထိခိုက်တယ်ဆိုတာ ဟုတ်ပါသလားဆရာ။ ရေရှည် အားဆေးတခုလို စွဲသောက်လို့ ရပါသလားရှင့်။ ဖြေပေးပါနော်ဆရာ။

ကြော်ငြာဆေးသဘောဖြစ်ပါတယ်။

ခဏပဲသောက်ရမယ် စွဲမသောက်သင့်ဘူးပေါ့နော်ဆရာ။

သမီး သမီးလေးဆိုတာ အားမနာပါးမနာပြောရရင် မေးတဲ့သူရဲ့မြေးမလေးလား စဉ်းစာမိပါတယ်။ ဆောရီး။

လိုင်ဆင်းဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ဓါတ်ဖြစ်တယ်။ ကိုယ့်ကနေ အလိုလိုထုတ်ပေးနေတယ်။ အဲတာမထုတ်နိုင်သူတွေကို ဆေးအဖြစ်ပေးရတယ်။ လိုင်ဆင်းကို အစာအာဟာရဖြည့်စွက်စာအဖြစ်ရောင်းချတယ်။

ရေယုံကာကွယ်ရာမှာ သုံးတယ်။ အရိုးအတွက်ကောင်းနိုင်တယ်။ လိုအပ်သူတွေကို တနေ့ Lysine 1 to 3 g ပေးတယ်။

ဘေးထွက်သက်ရောက်မှုများ = ဝမ်းပျက်၊ ဗိုက်အောင့်။

ကိုယ်ထဲမှာ အဲဒီဓါတ်လုံလောက်နေသူတွေကို မပေးသင့်ပါ။ အသည်းနဲ့ ကျောက်ကပ်မကောင်းသူတွေကိုလည်း မပေးသင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ သတိထားပေးရမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ