Thursday, April 20, 2017

Albinism လူဖြူ

ဆရာ ဒီကလေးက ၁၀ နှစ်ပါ။ သူက တကိုယ်လုံး ဖြူဆွတ်နေပါတယ်။ နေရောင်ကို မခံနိုင်ပါဘူး။ အဲ့လိုကလေးတွေ ၃-၄ ယောက်တွေ့ဖူးတယ်။ တပုံစံတည်းပဲ ။ အဲ့ဒါရောဂါတစ်ခုလား ဒါမှမဟုတ် မျိုးရိုးဗီဇဖေါက်ပြန်တာလားသိချင်လို့ပါဆရာ။

ဖြူစွပ်ကိုပြင်လိုက်တယ်။ တစ်ပုံစံထဲကိုပြင်လိုက်တယ်။

လူဖြူလို့ခေါ်တာ လူ ၁၈ဝဝဝ ကနေ ၂ဝဝဝဝ မှာ ၁ ယောက်ဖြစ်တတ်တယ်။ လူမျိုးစုံမှာဖြစ်တယ်။ မြန်မာပြည်မှာလည်း ရှိတယ်။ မွေးရာပါချို့ယွင်းချက်ဖြစ်တယ်။ အရေပြား၊ မျက်စိနဲ့ ဆံပင်တွေမှာ အရောင်ခြယ်ဓါတ် မရှိလို့ဖြစ်တယ်။ မျက်စိအမြင်ပါ ချို့ယွင်းတာနဲ့ တွဲသူကများတယ်။ Leukoderma (Vitiligo) ရောဂါကို ခရုသင်း (သို့) သမင်ဖြူလို့ ခေါ်ပါတယ်။

ဆေးပညာအရခွဲထားတဲ့ အမျိုးအစားတွေရှိတယ်။ Oculocutaneous Albinism (OCA) ဆိုတာ အရေပြား × ဆံပင် + မျက်စိမှာဖြူဖွေးနေတာ။ OCA1 အမျိုး၊ OCA2 အမျိုး၊ OCA3 အမျိုးနဲ့ OCA4 လေးမျိုးရှိတယ်။ OCA1a မှာ ရောင်ခြယ်ဓါတ် မယ်လင်နင်လုံးဝမရှိပါ။ OCA1b မှာက နည်းနည်းတော့ရှိတယ်။

Ocular Albinism (OA) ဆိုတာက မျက်စိမှာသာဖြစ်တယ်။ ယောက်ျားလေးတွေမှာသာဖြစ်တယ်။ ဆံပင်တို့ အရေပြာတို့မှာ အဲလောက်မဖြူပါ။ Hermansky-Pudlak Syndrome (HPS) ကပိုရှားတယ်။ အဆုပ်၊ အူမှာပါဖြစ်ပြီး သွေးယိုထွက်တယ်။

မျက်စိမှာဖြစ်တာကလည်း အမျိုးမျိုးဖြစ်နိုင်တယ်။ strabismus မျက်စိစွေတာ၊ photophobia အလင်းရောင်မကြည့်နိုင်တာ၊ nystagmus မျက်လုံးမငြိမ်တာတဲ့ impaired vision or blindness အမြင်အားနည်း (သို့) မမြင်တာတွေဖြစ်နိုင်တယ်။

ကုသလို့ မပျောက်နိုင်ပါ။ ဆောရီး။ မျက်စိထိခိုက်မှု သက်သာစေအောင်တော့ လုပ်နိုင်တယ်။ နေကာမျက်မှန် တပ်ထားရမယ်။ နေရာင်ထဲ သိပ်မထွက်ရ။ အဝတ်အစား လုံတာဝတ်ဆင်ရမယ်။ တချို့ကို ခွဲစိတ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...