အန္တရာယ်ကင်း

ပြည်တွင်းမှာနေခဲ့ရစဉ်က မြန်မာ့နှစ်ဆန်းရက်တိုင်းမှာ ပရိတ်တော်နာရတယ်။ ပရိတ်အိုးကိုယ်စီနဲ့။ ပရိတ်ချည်ကို နေအိမ်ဝင်းခြံကို ပတ်ရံထားရတယ်။ အစဉ်အလာယဉ်ကျေးမှုကို လိုက်နာကျင့်သုံးခဲ့တာပါ။

ပုလဲကအိမ်လေးမှာ နှစ်စဉ်နှစ်တိုင်း ပရိတ်ချည်ပတ်ခဲ့ပါတယ်။ အခုတော့ ကင်းရှင်းသွားပြီ။ ကျွန်တော်မရှိစဉ်မှာ စောင့်ရှောက်ကာရံပေးခဲ့တယ်လို့ မှတ်ယူတယ်။ ငယ်ငယ်က သံပုံးတီးပြီးတောထုတ်တာလည်း ကြုံဘူးတယ်။ ကျွန်တော်ရဲ့ အယူသီးမှုတွေဟာ မကောင်းတာတွေကို ပထုတ်ဘို့ဖြစ်တယ်။ ကောင်းတာကို ကယ်ဘို့သာဖြစ်တယ်။

မြန်မာပြည်ကြီး အန္တရာယ်ကင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်