ခွေးညိုခေတ်က သတ်ပုံ

မင်းကျော်ရေးတဲ့ ခွေးညိုထဲမှာ -

့ တခုဘဲရှိသည်။ ဆွမ်းခံလိုက်စက တကာ တကာမအိမ် သီးခြားမှတ်ရသည့်ကိစ္စ။ အစကတော့လည်း ခွေးညိုသည် ဤရွာ ဤဖုန်းကြီးကျောင်းတွေ၏ ပြဿနာကိုမသိ။ ရွာထဲအိမ်ပေါက်စေ့ရှေ့၌ ဆွမ်းမရပ်ရသည့်အဖြစ်ကို နားမလည်ခဲ့။

နောက်မှ ခွေးညိုသိရခြင်းဖြစ်သည်။ ဤရွာ၌ ဖုန်းကြီးကျောင်း လေးကျောင်းရှိသည်။ ရွာ့အရှေ့ဖက် ကပ်လျက်မှာ တကျောင်း၊ တောင်ဖက်ကပ်လျက်မှာ တကျောင်း၊ တောင်ဖက်တခေါ်မှာတကျောင်း၊ သည့်တောင်ဖက် တမျှာ်မှာ တကျောင်း။့

ကျွန်တော့်မှတ်ချက်
တကာ တကာမကို နောက်မှာ ဒါယကာ ဒါယိကာမနဲ့ ဖုန်းကြီးကျောင်းကို ဘုန်းကြီးကျောင်းလို့ ရေးလာကြတယ်။ အရင်ကရေးခဲ့တာတွေကို မှားတယ်ပြောလာရင် သဘောမတူချင်ပါ။

တခုဘဲရှိသည်ကို နောက်ဆရာတွေထွင်တဲ့ မနောက် ဘဲလိုက်ဖေါ်မြူလာအရ ပဲသုံးခိုင်းတယ်။ ကျွန်တော်က ပဲလည်း ကြိုက်တယ်။ ဘဲကင်လည်း စားတယ်။

ရေတွက်လို့ရတာကို တစ်သုံးပါဆိုတာ အဆန်းထွင်တာလို့သာမြင်တယ်။ ပိုက်ဆံထက်ေ ရတွက်စရာ ဘာရှိလဲ။ တကျပ်၊ တဆယ်ကျပ်၊ တရာကျပ်တန်ငွေစက္ကူတွေ ငွေတန်ဖိုးရှိစဉ်ကရိုက်ခဲ့တယ်။ တစ်ကျပ်တွေလုပ်တော့ သုံးမရဖြစ်ကုန်တယ်။

တကျောင်းကို တစ်ကျောင်း မလုပ်ကောင်းပါ။ တခေါ်ကို တစ်ခေါ်၊ တမျှော်ကို တစ်မျှော်လုပ်တာ ကြော်မကောင်း ကြားမကောင်းပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး