Commercial medicine ဆေးလှလှလေးတွေ ဝယ်ကြမလား

ဆရာမင်္ဂလာပါဆရာ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အခုပုံမှာပြထားတဲ့ ဆေးတွေခေတ်စားနေလို့ လူတွေကို အန္တရာယ်ပေးနိုင်သလား ဒုက္ခပေးနိုင်သလားဆိုတာသိချင်လို့ပါ။ နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေဆရာ။

ပုံတွေကိုကြည့်ရတာနဲ့ ကြော်ညာဆေးတွေဖြစ်တာ သိသာတယ်။ ဆေးနဲ့ဆေးပစ္စည်းတွေကို အမျိုးမျိုး ရောင်းချတယ်။ အစစတိုးတက်တဲ့ ဥပဒေသက်ရောက်မှု ပိုပြီးထိရောက်ကောင်းမွန်တဲ့တိုင်းပြည်တွေမှာ ဆေးမှန်သမျှကို လက်လွတ်စပယ် မရောင်းရပါ။ OTC ခေါ်တဲ့ အမျိုးအစားတွေကိုတော့ ဆိုင်တွေက ကောင်တာမှာ ဘယ်သူမဆို ဝယ်လို့ရတယ်။ ဆရာဝန်လက်မှတ်နဲ့သာရောင်းတယ်။  ဒါ့အပြင် Vaccines ကာကွယ်ဆေးလို ဆေးတွေ၊ MDR တီဘီ ကုသဆေးတွေ စတာကို ကန့်သတ်မှု ထပ်လုပ်ထားတယ်။ အပြင်မှာ ဆရာဝန်လက်မှတ်ပါလဲ မရောင်းရပါ။ FDA ကလဲခွင့်ပြုထားပြီး ရောင်ပန်းလှအောင် ကြောညာကောင်းကောင်း၊ ဗူးခွံလှလှ မော်ဒယ်ပုံတွေနဲ့၊ ဆေးနာမည်ပေးတာကလဲ လူကို ဆွဲဆောင်မှုနဲ့ ရောင်းတာတွေရှိတယ်။ ဆေးဈေးကိုလဲ တင်ထားတယ်။ ကြော်ညာဘိုး ပိုယူထားတာပါ။

ဒါကြောင့် အစိုးရတွေကနေ Generic medicine သာ ရောင်းဘို့ ဥပဒေနဲ့ တားမြစ်လာရတယ်။ (ဂျဲနရစ်ဆေး) ဆိုတာက ဆေးနာမယ်ရင်းအတိုင်း နာမယ်တပ်ဘို့ပါ။ ဥပမာ ဗီတာမင် (ဘီ) ကို ဘားပလက်စ်၊ ဘီကွန်ပလက်၊ ဘာ-ညာ နဲ့ ရောင်းတာမျိုးကို ခွင့်မပြုတာဖြစ်ပါတယ်။ နောက်တခုက ဆေးတွေကို တမျိုးထဲမဟုတ်ဘဲ ရောစပ်ထားတာတွေကို ဆရာဝန်တိုင်းက မကြိုက်ပါ။ ဥပမာ အနာအကိုက်ပျောက်ဆေး (ပါရာစီတမော) နဲ့ နောက်အနာအကိုက်ပျောက်ဆေး (ဒိုက်ကလိုဖဲနစ်) ကို ရောထားတယ်။ ဆေးအလေးချိန် လိုတာထက်ပိုနိုင်လို့ ချိန်ဆရခက်တယ်။ သံဓါတ်နဲ့ ဖေါလစ်အက်စစ်ရောတာ ကောင်းပေမဲ့ တမျိုးထဲလိုသူရှိတယ်။ တမျိုးက ဆေးအလေးချိန်ကိုက်ပြီး နောက်တမျိုးက ပိုတာ-လိုတာရှိမယ်။

ရောဂါရှာဖွေရေး စက်ကိရိယာတွေကိုလဲ ပိုက်ဆံရှိတိုင်း ဝယ်မရပါ။ ဥပမာ အာလ်ထွာဆောင်းကနေ ဗိုက်ထဲက ကလေးကို ကျား-မ ခွဲပေးနိုင်လို့ ဥပဒေအရ ဆရာဝန်တွေက အာလ်ထွာဆောင်း ရိုက်တိုင်း မှတ်ချက်မှာ ခွဲခြားမှု လုပ်မပေးလိုက်ပါလို့ ပါရတယ်။ ဆေးတိုက်မှာလဲ စာကပ်ထားကြတယ်။ စက်ကို ခွင့်ပြုချက်ယူပြီးမှသာ ဝယ်လို့ ရတယ်။ ဒီကြားထဲမှာ ကြော်ညာနဲ့ရောင်းတဲ့ ဆေးတွေ၊ အလှကုန်တွေ စတာတာတွေက များမှများဘဲ။ အွန်လိုင်းကနေ ရောင်းတာမျိုးက ပိုဆိုးသေးတယ်။ အာမခံချက်မရှိပါ။ တခုခုဆက်ဖြစ်တာကို တာဝန်ယူမှု ဘယ်သူ့မှာမှ မရှိပါ။ သုံးမိလို့ ဒုက္ခရောက်တာတွေ တကယ်ရှိပါတယ်။

ကလေးတွေဆိုရင် ပိုသတိထားရလို့ Combo (ကွန်ဘို) နာမယ်ပါဆေးမျိုးတွေကို တားလာရတယ်။ (ကွန်ဘို) ဆိုတာ နှစ်မျိုးရောထားတာ။ Antibiotics ပိုးသေဆေးတွေကို ရောထားတာတွေကလဲ သတိမကြီးလို့ မရပါ။ အရင်ကရောင်းဘို့ FDA ကနေ ခွင့်ပြုထားတာတွေထဲက လိုအပ်တာတွေကို ဈေးကွက်ကနေ ပြန်ရုပ်သိမ်းတယ်။ ဒါကြောင့် ဆေးပညာမှာ အမြဲခေတ်မီနေမှ တော်ကာကျတယ်။ အသိပညာပေးမှုတွေ အများကြီး ဝိုင်းလုပ်နေကြရမှာဘဲဗျာ။

ကြော်ညာဆေးတိုင်း အသုံးမကျဘူးလို့တော့ ဝါးလုံးသိမ်းမပြောလိုပါ။ ဒါပေမဲ့ ဘယ်အထဲမှာ ဘာပါသလဲကြည့်ပြီး မှတ်ချက်ပေးရတယ်။ ဒါလဲ ဘက်လိုက်မှုကင်းကင်း ပြောရလို့ပါ။ အမှန်အတိုင်းပြောရရင် အကောင်းဆုံးဆေးကို ဈေးလဲသင့်သင့်၊ လွယ်ရတာလဲမခက်တာ ရှိနေပါလျှက်ကနဲ့ အဲလို ဆေးမျိုးတွေကို အားမပေးချင်ပါ။ မေးလာရင် (ဂူဂယ်) ကိုနှိပ်ပြီးရှာ၊ အစအဆုံးဖတ်၊ ဘာသာပြန်ဖြေနေရတာက ကျွန်တော့်မှာ တဒုက္ခ။ သူများစီးပွါးရေးလည်း အားနာရ။

Paracetamol Combo drugs (ပါရာစီတမော) ပူးတွဲဆေး သတိပေးချက် http://dts-medicaleducation.blogspot.com/…/12-11-2011-parac…

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၄
၁၃-၄-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး