China fears North Korea-US conflict at any moment
မြောက်ကိုရီးယားနဲ့ အမေရိကန် ပဋိပက္ခအပေါ် တရုပ်က အချိန်မရွေး စိုးရိမ်နေ
လွန်ခဲ့တဲ့ (၆) နာရီကသတင်းဖြစ်ပါတယ်။ တရုပ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ပတ်သက်သူအားလုံး အလေးဂရုပြုကြဘို့ ပြောကြားလိုက်ပါတယ်။ အချိန်မရွေးပေါက်ကွဲနိုင်တယ်လို့ပါ သတိပေးပါတယ်။ ဖြစ်ရင် ဘယ်သူကမှ အနိုင်ရမှာ မဟုတ်ပါတဲ့။ တရုပ်ရဲ့ပြောစကားဟာ အမေရိကန်ကနေ ကိုရီးယားကျွန်းစွယ်အနီးမှာ အမေရိကန် USS Carl Vinson စစ်သင်္ဘော နေရာချထားတဲ့နောက်မှာ ဖြစ်လာတာပါ။ တရုပ်ဟာ မြောက်ကိုရီးယားရဲ့ တခုတည်းသော ကျောထောက် နောက်ခံဖြစ်တယ်။
အဲလိုသာဖြစ်သွားရင် မြောက်ကိုရီးယား ပြိုကျပြီး ပြဿနာတွေက နယ်စပ်ကျော်ထွက်လာပါလိမ့်မယ်။ အဲတာကြောင့် သက်ဆိုင်တဲ့သူတွေက စကားအရဖြစ်ဖြစ် လုပ်ဆောင်မှုနဲ့ဖြစ်ဖြစ် အပြန်အလှန်ခြိမ်းခြောက်တာ မလုပ်ကြဘို့လည်း ပြောလိုက်ပါတယ်။ အခြေအနေဆိုးဖြစ်လာရင် နောက်ပြန်လှည့်မရ ပြင်လို့မရဖြစ်ပါမယ်တဲ့။
ဒေါ်နယ်ထရမ့်ကတော့ တရုပ်အနေနဲ့ မြောက်ကိုရီးယားပြဿနာမှာ သတိချပ်စေဘို့လိုအပ်ကြောင်းပြောတယ်။ တကယ်လို့ တရုပ်ကအဲလိုသာ ကူညီရင် သိပ်ကောင်းမှာပဲတဲ့။ အဲလိုမဟုတ်ရင်တော့ တရုပ်မပါဘဲသာ ရှင်းရမယ်တဲ့။
မြောက်ကိုရီးယားဖက်ကတော့ အကြင်နာကင်းမဲ့စွာ အမေရိကန်ကို စစ်ရေးအရတုန့်ပြန်မယ်လို့ဆိုပါတယ်။ ကျူးကျော်လာသူတွေကို သူ့တပ်တွေကနေ အကြင်နာတရားမဲ့စွာနဲ့ အသက်ရှင်ခွင့်မပေးဘူးလို့ အစိုးရအာဘော် KCNA ကနေ အင်္ဂလိပ်လို သတင်းဖတ်သွားတာပါတယ်။
အမေရိကန်သမတဟာ ခုတလော စစ်ရေးကိုအသုံးပြုဘို့ဝန်မလေးကြောင်း သာဓကထွက်ပေါ်လာပါတယ်။ ဆီးရီယားမှာ ခရု့စ်ဒုံးကျည်သုံးခဲ့တယ်။ အာဖကန်မှာလည်း အကြီးစားဗုံးသုံးလိုက်တယ်။ ဝါရှင်တန်က မြောက်ကိုရီးယားကနေ အနုမြူလက်နက်သုံးမှာကို စိုးရိမ်တယ်။ ထရမ့်နဲ့ တရုပ်သမတတို့နှစ်ယောက် ဖလော်ရီဒါမှာတွေ့ဆုံးပြီးနောက်မှာလည်း ဖုန်းအဆက်အသွယ်ရှိနေတယ်။ မြောက်ကိုရီးယားကို နောက်ထပ် စီးပွါးရေးဒဏ်ခတ်မှု လုပ်နိုင်တယ်။ ဒါ့အပြင် မြောက်ကိုရီးယား ပြိုကျသွားရင် အမေရိကန်စစ်စခန်းတွေထားရာ တောင်ကိုရီးယားနဲ့ တရုပ်ကြားမှာ ကြားခံမရှိဖြစ်မှာကို မလိုလားပါ။ တရုပ်ကတော့ သူ့နယ်စပ်ကနေ မြောက်ကိုရီးယားဒုက္ခသည်တွေ ထပ်ဝင်လာမှာ စိုးရိမ်တယ်။
မြောက်ကိုရီးယားကနေ ဆဋ္ဌမမြောက်နယူကလီယာစမ်းသပ်မှုလုပ်မလားမှန်းဆချက်တွေလည်း ထွက်နေတယ်။ လာမဲ့ စနေနေ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကွယ်လွန်သူ ကင်-အီလိဆွန်းရဲ့ ၁ဝ၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သာမိုနယူကလီယာစစ်ပွဲဆိုတာ လေသံဟထားတယ်။
တရုပ်အစိုးရသတင်းဌာန CCTV အဆိုအရ အဲယားချိုင်းနားလေယာဉ်တွေ ဘေဂျင်းနဲ့ ပြုံယမ်းကြားပျံသန်းတာကို ဧပြီ(၁၇) ရက်ကစပြီး ရပ်စဲပါတော့မယ်။
ပုံ = ကိုရီးယားကျွန်းစွယ်အနီးမှာ နေရာချထားတဲ့ အမေရိကန် USS Carl Vinson စစ်သင်္ဘော
ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၇
ညနေ ၄ နာရီ။ ၄ဝ မိနစ်။

Comments
Post a Comment