Comments ဂွတ်မောနင်း

မနက်အိပ်ရာကနိုးတော့ ထူးထူးဆန်းဆန်းတွေ့ပါတယ်။ မအိပ်ခင်က ဒေါ်နယ်ထရမ့်သတင်းကို ဘာသာပြန်ပြီး မူရင်းလင့်ပါ တင်လိုက်တာအောက်မှာ ကွန်မင့်တွေ အတော်လာထားတယ်။ သတင်းကို စိတ်ဝင်စားကြတာ ကောင်းတယ်။

ခေါင်းစဉ်က စတယ်။ လေပါတီမမြရင်သီချင်းကို မကြားဖူးတဲ့ ဂျင်နရေးရှင်းကလည်းပါတယ်။ ပေလေးပင်ရှင်လေးပါး ဆရာတော်တွေစပ်ဆိုတဲ့ သျှင့်အသုံးလည်း ဖတ်ဖူးပုံမရ။

ကျွန်တော့်ကို လက်တဖက်တည်း၊ ခြေတဖက်တည်း (ကန်တော့ပါ) သုံးတဲ့သူလို့ ထင်မှတ်မှားနေတာလည်း တွေ့ရတယ်။ ကျွန်တော်က အသက်မွေးပညာအရတော့ ဆရာဝန်ဟုတ်တယ်။ နိုင်ငံရေးထဲရောက်သွားတယ်။ အဲတာမှာ ပြည်ပနေရတာ များတော့ နိုင်ငံတကာဆိုတာနဲ့သာ နပမ်းလုံးနေရတာ နှစ်အစိတ်ကျော်ပြီ။ နိုင်ငံရေးစာတွေ ရာထောင်ချည် ပြော-ရေးပြီး နောက်မှသာ ဆေးပညာစာတွေ ရေးဖြစ်လာတာ။ ရေဒီယိုတွေက ဗျူးရင် နိုင်ငံရေး တခါတရာ (တစ်ရာ မဟုတ်) လောက်မှာ ကျန်းမာရေးကတခါ (တစ်ခါ မဟုတ်) ဖြေရတယ်။

အဒီသတင်းတိုလေးကို ဖတ်ပြီး ကျွန်တော်ကတင်တာနဲ့ ဆန့်ကျင်ကွဲလွဲတာရှိရင် ထောက်ပြစေချင်တယ်။ ရေးခဲ့တာ မှားနေရင် ချက်ချင်းပြင်မယ်။ ကျွန်တော်က စာရိုက်တာလွဲနေကျမို့ စေတနာနဲ့ အခမဲ့ပြင်ပေးသူတယောက် (တစ်ယောက် မဟုတ်) ပြောပြတာကို ဒီစာမရေးခင် ပြင်လိုက်ပြီ။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၇
နံနက် ၉ နာရီ၊ ၅၁ မိနစ်။

တောစကား တောရောက်ရင် တောပျောက်သတဲ့ရှင်

အမေရိကန်သမတ ဒေါ်နယ်ထရမ့်ဟာ စကားကို ခုတမျိုး တော်ကြာတမျိုးပြောတယ်လို့ထင်ကြတာ မှန်သထက် မှန်လာပါတယ်။ ရွေးကောက်ပွဲကင့်ပိန်းကာလတွေတုန်းက နေတိုးခေါ် မြောက်အတ္တလန်ထိတ် စစ်ရေးမဟာမိတ်အဖွဲ့ကြီး ခေတ်နောက်ကျသွားပြီလို့ ထပ်ထပ်ပြောခဲ့တယ်။

ကနေ့ နေတိုး အထွေထွေအတွင်းရေးမှူးဂျန် စတော်လ်တင်ဘဂ်နဲ့တွေ့တော့ နေတိုးဟာ ခေတ်နောက်မကျတော့ဘူးတဲ့။
အဲတာသာမကပါ တရုပ်ကိုလည်း အမျိုးမျိုးပြောခဲ့ရာကနေ အခုတော့ ငွေကြေးကုလားဖန်ထိုးသူ မဟုတ်တော့ပြန်ဘူးတဲ့။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၇
ည (မနက်) ၂ နာရီ၊ ၄ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး