N Korea missile launch fails day after military parade

မြောက်ကိုရီးယား ဒုံးပျံစမ်းသပ်မှု မအောင်မြင်

လက်ရှိခေါင်းဆောင်ရဲ့ အဖိုး ကင်အီလ်ဆွန်း (၁ဝ၅) နှစ်ပတ်လည်နေ့မှာ စစ်ရေးပြအခမ်းအနား အကြီးအကျယ်ပြုလုပ်ပြီး ဒုံးပျံစမ်းသပ်မှုလည်းလုပ်တယ်။

အမေရိကန်တာဝန်ရှိသူတွေအဆိုအရ အဲဒီတိုက်ချင်းပစ်ဒုံးပျံဟာ စကန့်ပိုင်းအတွင်းမှာ ပေါက်ကွဲပျက်စီးသွားတယ်။ အဲလိုဒုံးပျံတွေကို နာရီပိုင်းအလိုက စစ်ရေးပြမှာ ပြသခဲ့ပါတယ်။

အမေရိကန်ဒုသမတ မိုက်ပင့်စ်က အခုတောင်ကိုရီးယားကို ခရီးထွက်သွားပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၇
http://www.bbc.com/news/world-asia-39612095

International News and Comments ကွန်မင့်

မြောက်ကိုရီးယားသတင်းတင်တိုင်း အဆီအငေါ်မတည့်တာတွေ အတော်လာတယ်။ တချို့ကတော့ မဆိုးပါ။ နိုင်ငံတကာသတင်းကို စိတ်ဝင်စားတာတော့ ကောင်းတယ်။ လေ့လာနေသင့်တယ်။ သမိုင်းနောက်ခံတွေ ဖတ်သင့်တယ်။ ကွန်မင့်ပေးရင် လေးနက်စေချင်တယ်။ မသိသေးတာတခုကို အဆိုး-အကောင်းမပြောပဲနေသေးတာက ပြောသူအတွက်ရော တခြားသူတွေကိုပါ အကျိုးမယုတ်စေပါ။

1.     No Ki ဆရာ သူ့ဒုံးပျံတွေက မကောင်မြင်တာ ပိုက်ဆံမရှိလို့လား? နည်းပညာကွာ ခြားလို့လား ဆရာ?
Tint Swe နည်းပညာ

2.     ၀င်းလှိုင် ထက် ပိုသာ တမင်တကာ fail အောင်လုပ်လိုက်တာများလား။ သဘောက သူတို့မကြောက်ဘူးပေါ့ ဒုံးပျံ စမ်းသပ်ပြရဲတယ်ပေါ့...ပီးတော့မှ fail ဖြစ်သွားတယ် ဘာညာ...
Tint Swe လက်ရှိမြောက်ကိုရီးယားခေါင်းဆောင်ဟာ တစိတ်ကို တအိတ်မကအပြောကြီးသူဖြစ်တယ်။ သူ့လောက်လျှောက်ကြွားတဲ့ နိုင်ငံခေါင်းဆောင်မရှိပါ။ သူ့ရာထူးအတွက် သူလောက် ရက်ရက်စက်စက်သတ်ရဲသူလည်း ရှားတယ်။

3.     Ko Kyaw Thi Ha ​ပြောတိုင်​ယုံတဲ့ ပုတ်​သင်​ညိုလို ခေါင်း​တော့မညိမ့်​လိုက်​ပါနဲ့​နော်
Tint Swe ဘယ်သူ့ကို ရည်ညွှန်းသလဲ မသိပါ။

4.     Aung Naing US က Laser wapon နဲ့ပစ်တယ်ပြောနေကြတယ်ဆရာ
Tint Swe မဟုတ်

5.     Nobleman Ko Ko Win ပရိယာယ် ဖြစ်မယ်ထင်တယ်နော်
Tint Swe မထင်ပါ။

6.     Zaw Win Tun ပစ်မရတဲ့ ဒုံးတွေအများကြီးပေါ့
Tint Swe မရသေးတဲ့လို့ပြောတာ ပိုမှန်။

7.     Tin Mikko အဲ့ဒါဆိုစစ်တော့မဖြစ်လောက်ပါဘူးနော်ဆရာ
Tint Swe အာမခံချက်ကို ဘယ်သူကပေးနိုင်မလဲ။ ဘယ်သူကမှလည်း မတောင်းပါ။

8.     Silver Soe မြွေပွေးကိုသေးတယ်ထင်ရင် ကားပြီးကော့တက်သွားမယ်
Tint Swe ကျွန်တော် မြွေပွေးကိုက်ခံရတဲ့လူနာတွေ ၅ဝ-၁ဝဝ ကုသပေးရဘူးတယ်။ ကိုက်တဲ့မြွေကို ရိုက်သတ်ပြီး ယူလာကြတယ်။ အဲဒီမြွေမသေခင်က သူကိုက်နိုင်လိုက်တာက တယောက်တည်း။ ကိုက်ခံရတဲ့လူတိုင်းတော့ မသေပါ။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၇


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး