Wednesday, April 19, 2017

April 20 ဧပြီ (၂ဝ) ရက်

ဧပြီလ (၂ဝ) ရက်နေ့မှာကျရောက်တဲ့ မွေးနေ့အတွက် ဆုတောင်းတဲ့ပို့စ် ၂ ခုတွေ့တယ်။ လိုက်မရှာပဲ သွားရင်းဟန်လွဲ တွေ့တာပါ။ ဖရင်း (၂) နေရာလပ်သွားပြီ။ ကျွန်တော် စိတ်ဝင်စားတဲ့ နှစ်ပတ်လည်နေ့တွေရှိပါတယ်။

၁၉ဝ၂ ခုနှစ် ဧပြီလ (၂ဝ) ရက်နေ့မှာ ပယ်ရီနဲ့ မာရီကျူရီတို့ကနေ ရေဒီယမ်ကလိုရိုက်ကို သန့်စင်နိုင်ခဲ့ကြတယ်။ အဲတာဟာ ဓါတ်မှန်ရဲ့ လမ်းစဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် ဧပြီလ (၂ဝ) ရက်နေ့က ဒုတိယကမ္ဘာစစ်အတွင်းမှာ ဟစ်တာလာအမိန့်နဲ့ ဂျူးလူမျိုး ကလေး (၂ဝ) ယောက်ကို ထူးဆန်းတဲ့ဆေးပညာစမ်းသပ်မှုလုပ်ခဲ့လို့ ဘူလန်ဟောက်စ် ဒမ်ကျောင်းမြေအောက်ထပ်မှာ ကလေးအားလုံး သေဆုံးခဲ့တယ်။

၁၉၄၆ ခုနှစ် ဧပြီလ (၂ဝ) ရက်နေ့မှာ နိုင်ငံပေါင်းစုံအသင်းကြီးကို ဖျက်သိမ်းလိုက်တယ်။ ဒိနောက်မှာ ကမ္ဘာ့ကုလသမဂ္ဂ ဖြစ်ပေါ်လာတယ်။

၁၉၆၁ ခုနှစ် ဧပြီလ (၂ဝ) ရက်နေ့မှာ ဝက်ပင်လယ်ကွေ့ထိုးစစ်ခေါ် အမေရိကန်တပ်တွေ ကျူးဘားကို ထိုးဖေါက်ဖို့ ကြိုးစားခြင်း မအောင်မြင်ပဲ ကျဆုံးတယ်။ အမေရိကန် စီအိုအေရဲ့ ဆုံရှုံးမှုကြီးတွေထဲက တခုဖြစ်တယ်။

၁၉၇၂ ခုနှစ် ဧပြီလ (၂ဝ) ရက်နေ့မှာ အပိုလို (၁၆) လကမ္ဘာပေါ်ရောက်တယ်။

မှတ်ချက်။ ကွန်မင့်မှာ ပုံတွေလာမတင်ကြစေလိုပါ။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...