ဆီးစပ် သတ်ပုံ

၁။ မင်္ဂလာပါဆရာ။ ကျနော့်အမျိုးသမီးက စည်းစပ်တွေကိုက်ကိုက်နေတာ ဘာလို့ပါလဲဆရာ။

၂။ ကျွန်မ အသက်က ၄၁နှစ်ပါ။ ရန်ကုန်ကပါ။ ၂၀၁၆ နှစ်စကစပြီး ခါးနာကာ ဆီးဆက်နားက ကိုက်ပါသည်။

၃။ ကျွန်မအသက်က ၂၈ ပါ။ ကျွန်မအခုဖြစ်နေတာက စီးစပ်ခုံက အောင့်လိုက် ပျောက်လိုက်ဖြစ်နေပါတယ်။

သေး၊ ကျင်ငယ်၊ အပေါ့ကို ဆီးလို့သာရေးရတယ်။ စီးလို့ မရေးရပါ။ စည်းစပ် မဟုတ်။ ဆီးဆက် မဟုတ်။ စီးစပ် မဟုတ်။ ဆီးစပ်လို့သာ ရေးရတယ်။

ဆီး
ကိုယ်ဝန်ရှိတာသိလိုပါက ဆီးစစ်ပါ။
ကလေးကို သင်္ကန်းဆီးပေးပါ။
ဆီးကန့်၊
ဆီးခုံက နာတယ်။
ဆီးချုပ်နေပါသလား။
ဆီးချိုရောဂါ စစ်ထားပါ။
ဆီးချူပေးမယ်။
ဆီးစပ်မှာ အလုံးရှိနေတယ်။
ဆီးတန့်ထားလို့ ဆက်သွားမရပါ။
ဆီးကြိုပါ၊
ဆီးပင်၊
ဆီးပနီပင်၊
ဆီးဖြူပင်၊
ဆီးဖြူသီး၊
ဆီးလမ်းကြောင်းရောဂါများ။
ဆီးဝမ်းလေ မှန်ပါသလား။
ဆီးသီးကောင်းကောင်းစားချင်တယ်။
ဆီးနှင်းတွေ ကျနေတယ်။
တားဆီးပိတ်ပင်ထားသည်။
ပုဆိုးဆီး၊
လူဆိုးကို ဖမ်းဆီးပါ။
ဧည့်သည်ကို ဆီးကြိုပါ။

ဆည်း
ဆည်းကပ်သည်။
ဆည်းလည်းသံ သာယာသည်။
ပညာဆည်းပူးပါ။
နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်။
ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်။

စီး
စီးစီးပိုးပိုး မပြောအပ်။
စီးပွားရေးကောင်းပါစေ၊
တရားဘာဝနာ စီးဖြန်းပါ။
ဘတ်စကား စီးသွားပါ။
လှည်းတစီး၊ ကားတစီး၊
အပျက်အစီး များတယ်။
အသက်ကြီးပြီး အချိန်မစီးသူ မဖြစ်ပါစေနှင့်။

စည်း
စည်းကမ်းရှိပါ။
စည်းမျဉ်းထားပါ။
စည်းစောင့်ရမယ်။
ထင်းတစည်း ဘယ်လောက်လဲ။
ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ။
ကြိုးနှင့် စည်းထားပါ။
ဘဝဆက်တိုင်း ဆုံစည်းချင်တယ်။
အခွန်စည်းကြပ်မည်။
အစည်းအဝေး စတော့မယ်။
ဥစ္စာပစ္စည်း ကုံလုံသည်။
ရွှေစည်းခုံစေတီတော်။

ဆက်
ကုတ် (ဂုတ်) ဆက်နာသည်
ဆက် (ဇက်) ကြောတင်းသည်
ဆက်၍ပြောပါ
ဆက်ကပ်သည်
ဆက်ကမ်းသည်
ဆက်ခံစိုးစံသည်
ဆက်စပ်
ဆက်ဆံပေါင်းသင်းသည်
ဆက်ဆက်ကြွပါ
ဆက်တိုက်လုပ်သည်
ဆက်ရက်ငှက်
ဆက်လက်ပြုလုပ်သည်
ဆက်ကြေး
ဆက်နွှယ်နေသည်
အဆက်အနွယ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး