Different Types of Personalities လူအမျိုးမျိုး စိတ်အထွေထွေ

လက်တို့စ်နဲ့မတည့်တာက မျိုးရိုးလိုက်တတ်ပါသလားဆရာ။ အမျိုးသားရဲ့ညီကမွေးတဲ့ကလေးလဲ မိခင်နို့ မတိုက်ရပါ။

တိတိကျကျတော့ မပြောနိုင်ပါ။

ဟုတ် ကျေးဇူးပါဆရာ။ ectopic pregnancy ဖြစ်လို့ ကိုယ်ဝန်ရနိုင်ပါသလားလို့ ဆရာ့ကို မေးဘူးပါတယ်။ အဲဒီလို ထပ်ဖြစ်တာရှားတယ်ဆိုတဲ့ ဆရာ့ရဲ့အားပေးစကားကြောင့် စိတ်ချမ်းသာပြီး ကိုယ်ပိုင် ယုံကြည်ချက်တွေ ရှိခဲ့ရပါတယ်။ သမီးလေးရလာတော့လည်းဆရာ့ကိုအဝေးကနေကျေးဇူးတင်ခဲ့ပါတယ်။ ဆရာတို့မိသားစု မြန်မာနှစ်သစ်မှာ ပျော်ရွင်ပါစေရှင်။ မေတ္တာပို့ပါတယ်။ ဆရာရဲ့စာတွေဖတ်ရလို့လဲ အသိပညာ ဗဟုသုတအမျိုးမျိုး တိုးပွားရပါတယ်။ အခုလိုအဝေးကနေ ကိုယ့်နိုင်ငံပြည်သူတွေကို ဖြူသလား မဲသလားမသိ သိလိုရာကို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ဆရာ့ကို လေးစားဂုဏ်ယူပါတယ်ရှင်။ အဝေးကနေပဲ ကန်တော့လိုက်ပါတယ်။

ဟုတ်။ အခုပဲ မေးခွန်းတွေကို တန်းစီဖြေနေရင်း စိတ်ရှုတ်စရာတခုနဲ့ တွေ့နေတုန်းမှာ ဒီလိုရေးတာဖတ်ရလို့ စိတ်သက်သာရာရတယ်။ ကျေးဇူးပဲ။ ကျန်းမာကြပါစေ။

နောက် လူငယ်တယောက်ကနေ လူငယ်ချင်း ချတ်လုပ်သလိုမေးတယ်။ ငယ်ငယ်က တီဘီ (TV လို့မှားရေးတယ်) ဖြစ်ထားတာ လူကသေးနေလို့တဲ့။ သူ့ကိုယ်သူ (သား) လို့ရေးလို့ မေးနည်းစည်းကမ်းပို့လိုက်တယ်။ အသက်၊ ကိုယ်အလေးချိန်နဲ့ အရပ်ဇယားပို့ပေးတယ်။ အလေးချိန်ထက် ကျန်းမာနေဘို့က ပိုအရေးကြီးကြောင်း အားပေးလိုက်တယ်။ Weight gain လင့် ပို့ပေးလိုက်တယ်။ သူကပဲ (အဘ) လို့ခေါ်ပြန်တယ်။ အဘရောဂါစာပို့တယ်။ (ခိခိ) လို့ရေးပြန်တာနဲ့ ဘလော့ လိုက်ရတယ်။

အရင်ကတော့ အပေါ်ကရေးသူဆီကိုရေးသလို ကျန်းမာချမ်းသာကြပါစေလို့ ရေးနိုင်သေးတယ်။ နောက်တော့ ကျန်းမာပါစေသာရေးနိုင်တယ်။ အခုတော့ ကျေးဇူးလို့သာ ရေးအားတော့တယ်။ မချမ်းသာစေချင်လို့ မဟုတ်ပါ။ ကျေးဇူးမတင်တာလည်း မဟုတ်ပါ။

Dr. တင့်ဆွေ
၁၃-၄-၂ဝ၁၆
၁၃-၄-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး