Beauty Product Risks အလှအပသုံးရောင်းကုန်များ

ဆရာရှင့် ကျွန်မကတော့ တောင်ကြီးမြို့ကပါ။ အသက်က ၂၇ပါ။ အိမ်ထောင်သည်ပါ။ သမီးမိန်းကလေးတယောက် မွေးထားပါတယ်။ အသက် ၄ နှစ်ကျော်ပါပြီ။ ခုဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ ကလေးမျက်နှာလိမ်း cream အကြောင်း မေးချင်လို့ပါ။ ပုံပို့ပေးပါမယ်။ လိမ်းသင့်မသင့် ဝေခွဲရခက်နေလို့ပါရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါတယ်။

ပို့ပေးတဲ့ပုံကိုတော့ အားနာလို့ရော ဆေးသုတေသနလည်းမသိတာမို့ မတင်တော့ပါ။ အလှအပသုံးမှန်သမျှ ဓါတုဆေးတွေ ပါတယ်။ တချို့တော့အဆင်ပြေ၊ တချို့မှာ ဆေးကုယူရတယ်။ တချို့က ကြော်ငြာသလိုမစွမ်းပါ။ သတင်း (၂) ပုဒ်ကို နမူနာပေးပါမယ်။

၁။ ၆-၉-၂ဝ၁၆ နေ့ကသတင်းတခုတက်တယ်။ နားလည်ရန်ခက်သည့် ဘာသာစကား (ထိုင်း၊ တရုပ်) ဖြင့် ဖော်ပြထားသည့် အလှကုန်များကို မသုံးစွဲရန် FDA အကြံပြုလို့ဖြစ်ပါတယ်။ လှပသော အဆိပ်ဖြစ်နေပါသလား မေးခွန်းရှိတယ်။ Blemishes မျက်နှာမှာ မလှတာလေးတွေ ဖြစ်နေလို့၊ Tan အသားအရေနဲနဲ ညိုညိုတိုတိုလေးဖြစ်ချင်လို့၊ ဆံပင်ဖြောင့်ချင်၊ ကောက်ချင်လို့ စတာတွေအတွက် အလှအပသုံး ပစ္စည်းအမယ်ပေါင်းများစွာထဲက ကောင်းတယ် ဆိုတာထဲက တကယ် ကောင်းတာကို ရွေးသင့်တယ်။ အဲလိုပစ္စည်းတွေထဲမှာ ပါတာတွေက ဘယ်လောက်များ စိတ်ချရပါသလဲ။ သတင်းစာတွေ၊ မီဒီယာတွေက များသောအားဖြင့် သည်းခြေကြိုက်ကိုသာ ရေးပါတယ်။ သိပ္ပံပေတံနဲ့တိုင်းကြည့်ထားတဲ့ သတိထားစရာတွေနဲ့ ရွေးချယ်စရာတွေရှိတယ်။

၂။ ၂၄-၂-၂ဝ၁၆ နေ့သတင်းကတော့ နာမည်ကြီး လူသုံးအများဆုံး (ဂျွန်ဆင်-အင်-ဂျွန်ဆင်) ပေါင်ဒါထုတ်တဲ့ကုမ္ပဏီကို နစ်နာကြေး ၇၂ သန်း ချမှတ်လိုက်ပါတယ်။ (ဂျွန်ဆင်-အင်-ဂျွန်ဆင်) ပေါင်ဒါကို မြန်မာပြည်မှာ ကလေးသုံးပေါင်ဒါလို့သာ လူသိများတယ်။ အခုအမှုဖြစ်တာက လူကြီးကနေသုံးခဲ့တာပါ။ ဒီပေါင်ဒါကို နှစ်ရှည်လများသုံးခဲ့တဲ့အမျိုးသမီး မျိုးဥအိမ် ကင်ဆာနဲ့သေဆုံးလို့ ပေါင်ဒါ ထုတ်တဲ့ကုမ္ပဏီကနေ သတိပေးချက်မစုံလင်ဘူးဆိုပြီး အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်မှာ တရားစွဲပါတယ်။

ကုမ္ပဏီကလည်း စိတ်ချရကြောင်း နှစ်ပေါင်းများစွာသိပ္ပံနည်းကျအသိဖြစ်ကြောင်းရှင်းလင်းပါတယ်။ သုတေသန လုပ်သူတွေကလည်း မျိုးဥအိမ်ကင်ဆာနဲ့ဆက်စပ်မှုကိုသက်သေမပြနိုင်ဘူးလို့ထောက်ခံပါတယ်။ အမှုကို ၃ ပါတ်ကြာ စစ်ဆေးပြီး စားသုံးသူကိုအနိုင်ပေးလိုက်ပါတယ်။ တပြည်လုံးမှာ အလားတူအမှုပေါင်း ၁ဝဝဝ ကျော် ရှိပါသေးတယ်။

International Agency for Research on Cancer ကတော့ သုတေသနရလဒ်တွေကရောထွေးနေလို့ ပေါင်ဒါမှာ ကင်ဆာဖြစ်စေနိုင်တာ ပါကောင်းပါနိုင်တယ်လို့ဆိုပါတယ်။ ပေါင်ဒါဆိုတာ Mineral talc အမျိုးအစားဖြစ်ပြီး Asbestos မီးခံကျောက်မှုံမပါရင် ၁၉၇ဝ ကျော်ကတည်းက သုံးနေပါတယ်။

Ovacome (ချာရတီ) အဖွဲ့ကလည်း ကင်ဆာနဲ့မဆိုင်ဘူးဆိုတဲ့ဖက်မှာရပ်တည်ပါတယ်။ ၂ဝဝ၃ ခုတုံးက အမျိုးသမီးပေါင်း ၁၂ဝဝဝဝ ယောက်ကို လေ့လာမှု ၁၆ ခုလုပ်တော့ မျိုးဥအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့အန္တရာယ် ၃ ဆ ပိုတာတွေ့ရတယ်။ ၂ဝ၁၃ ခုမှာ အမျိုးသမီးပေါင်း ၁၈ဝဝဝဝ ယောက်ကို လေ့လာမှုလုပ်တော့လည်း အလားတူ အဖြေရတယ်။ ၂ဝဝဝ ခုနှစ်မှာ ၈ဝဝဝဝ ယောက်ကိုလေ့လာတော့ အဲလိုဖြစ်တာ မတွေ့ရဘူးလို့ဆိုပါတယ်။ (ချာရတီ) အဖွဲ့က ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းကြောင့် အစာမျိုပြွန်ကင်ဆာဖြစ်ဘို့ အဆ ၃ဝ ပိုတယ်။

အဲလိုအထင်ကရ လူသုံးများတာ နှစ်ပေါင်းရှည်ကြာတာတွေတောင်မှ စိတ်မချရတာမျိုးရှိတယ်။ သဘာဝမဟုတ်တာ မှန်သမျှ ကြော်ငြာရေးကောင်းတာနဲ့ မောယ်မင်းသမီးချောလှတာနဲ့ ကောင်းမှာပဲလို့ အကဲမဖြတ်သင့်ကြပါ။

• Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား http://doctortintswe.blogspot.com/2014/12/beauty-product-dangers.html
• Beauty Questions လှချင်ရက် စက်စက်ယို (၁) http://dts-medicaleducation-adult.blogspot.in/2012/03/beauty-questions.html
• Cosmetic Procedures လှချင်ရက် စက်စက်ယို (၂) http://dts-medicaleducation.blogspot.in/2012/03/cosmetic-procedures.html
• Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား http://dts-medicaleducation-adult.blogspot.in/2012/03/beauty-product-dangers.html
• Bodily Changes သွေးသားပြောင်းလဲမှုများ http://dts-medicaleducation.blogspot.com/2011/02/bodily-changes.html
• Body building Amino acids (ပရိုတင်း) http://dts-medicaleducation.blogspot.com/2011/01/body-building-amino-acids.html
• Body hair တလွဲဆံပင်ကောင်းသူများ http://dts-medicaleducation.blogspot.com/2010/12/body-hair.html
• Misuse တလွဲမသုံးပါနဲ့ လုံးရာကပြားလိမ့်မယ် http://dts-medicaleducation.blogspot.in/2010/12/blog-post.html
• Beauty medication အလှဗေဒ http://doctortintswe.blogspot.com/2014/11/beauty-medication.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး