Careless mistakes မှားရင်ပြင်

၁။ တချို့က ရလာဒ်လို့ရေးသေးတယ်။ အဲဒါက result ကိုသုံးတာမို့လားဆရာ။

ရလဒ်မှာ ရေးချမပါ။ ဒဏ်မှာလည်းမပါဘူး။

၂။ ကျေးဇူးပါပဲဆရာ။ ရောဂါလက္ခဏာတွေက သမီးဖြစ်နေတာနဲ့ တပုံဆန်ထဲပါပဲ။

တပုံစံတည်းလို့ ရေးရတယ်။

၃။ သမီးကိုယ်ဝန်ပြတ်ကျခဲ့ဖူးပါတယ်။

ကိုယ်ဝန်ပျက်ကျလို့ရေးရပါတယ်။

၎။ သက်ဦးလို့ရေးတာနဲ့ နို့မဝမှာဆိုးလို့ လို့ရေးတာကိုပြင်ပေးတော့ ကျေးဇူးတင်သူ တယောက်တိတိရှိတယ်။ အခုမှ သဘောပေါက်တာဆရာ။ ဆရာက သားဦးလို့သာရေးရတယ်၊ နို့မဝမှာစိုးလို့ လို့သာရေးရတယ်လို့ ပြန်ဖြေပေးတော့ ဆရာက ဘာလို့ရေးပါလိမ့်ပေါ့။ ခုမှသိတာ။ ဆရာက အမှန်ပြင်ပေးတာ ကျေးဇူးပါဆရာ။

ကူးဆက်ပုံလို့မေးကြတယ်။ ကူးစက်လို့ရေးရတယ်။ ကူးဆက်ဆိုရင် သစ်ပင်တွေကိုင်းကူးပြီးဆက်တာမျိုးဖြစ်သွားမယ်။ ကူးစက်ခံရမှာ စိုးရိမ်သူတွေ ကူးဆက်တာမလုပ်ပါနဲ့။ တားဆေးဖျတ်လို့ရေး မေးတာလည်းမကြာမကြာလာတယ်။ ဖြတ်လို့သာရေးရတယ်။ ဖျက်ဆိုရင် ကိုယ်ဝန်ဖျက်တာမှာသာ ရေးရတယ်။ ခလေးလို့ရေး မေးသူတွေကလည်း အတော်များတယ်။ ကလေးလို့သာရေးရတယ်။ ကလေးရချင်သူတွေ ကလေးသတ်ပုံမှန်ပါစေ။

ကျွန်တော်လည်း သတ်ပုံမှားရေးတတ်တယ်။ စာရိုက်ရာမှာ ကျတာ ပိုတာ လိုတာတွေဖြစ်တတ်တယ်။ ပြန်ပြင်ပေးကြတယ်။ ကျေးဇူး။ စာအဟောင်းတွေမှာ အမှားတွေပိုပါနေခဲ့တယ်။ ဆောရီး။

ရေဒီယိုနဲ့ အင်တာနက်ကနေ မြန်မာလိုပြောကြ ဆိုကြတဲ့ စကားမပီသတာတွေ နားထောင်နေရင်း၊ သတ်ပုံနဲ့ သဒ္ဒါအလွဲတွေရေး မေးတာတွေကို ဖတ်ဖြေနေရလို့ ကိုယ့်ကိုယ်ကို ဒုက္ခိတဆရာဝန်လို့ သမုတ်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၆
၃ဝ-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး