Cushing’s disease (ကူရှင်းစ်) ရောဂါ

မင်္ဂလာပါ ဆရာရှင့် ကျွန်မ အသက် ၂၂ နှစ်ပါ။ လွန်ခဲ့တဲ့နှစ်ကစပြီး ဘယ်လိုဆေးစစ်စစ်ရောဂါရှာမရပဲ skin allergy အမြဲထလို့ dermatologist တွေက Ctirizine နဲ့တွဲပြီး dexa ကိုသောက်ခိုင်းပါတယ် ။အရင်က dexa ရဲ့ဆိုးကျိုးကိုေ သချာမသိပေမဲ့ ခုနောက်ပိုင်းမှတအားကြောက်စရာကောင်းမှန်းသိလာရပါတယ်။ Steroid ရဲ့အကျိုးဆက်ဖြစ်တဲ့ cushing syndrome က symptoms တော်တော်များများ ကျွန်မမှာခံစားနေရတယ် လို့သံသယရှိနေပါတယ်။ ဒါကြောင့် steroid ကြောင့်ဖြစ်ရတဲ့ cushing syndrome ကကုသလို့ရမရဆိုတာရယ်၊ ဦးနှောက်ကိုထိခိုက်မလားဆိုတာရယ် ဘယ်လို treatment တွေနဲ့ ဘယ်ရောဂါရပ်ဆိုင်ရာသမားတော်နဲ့ပြသင့်လဲဆိုတာ ရှင်းပြပေးစေချင်ပါတယ်ရှင့်။ အဆင်ပြေရင် ဆောင်းပါးလဲရေးပေးစေချင်ပါတယ်။

Sat, Sep 10, 2011 at 10:30 AM
Dear sayar, What is Cushing disease? Doctor said that my mother is suffering from Cushing disease.

Cushing’s disease (ကူရှင်းစ်) ရောဂါဆိုတာ ဦးနှောက်ထဲက ဟော်မုန်းအမျိုးမျိုး ထုတ်ပေးနေတဲ့ နေရာကနေ (ACTH) ဆိုတဲ့ ဟော်မုန်းကို အများကြီး ထုတ်ပေးနေတဲ့ရောဂါ ဖြစ်တယ်။ Cushing syndrome လို့လဲ ခေါ်တယ်။ ဆိုလိုတာက ရောဂါဖြစ်ရင် ရောဂါလက္ခဏာတွေ အများကြီးရှိနေလို့ပါ။

(ပစ်ကျူထရီ-ဂလင်း) နေရာမှာ ပွါးများလာရာက အကျိတ် ဖြစ်လာလို့ ရောဂါဖြစ်တယ်။ (ACTH) ဟော်မုန်းကနေ Cortisol ဆိုတဲ့ Stress hormone ဆိုတာတွေ များစေတယ်။ လူတွေ ဖိအား သက်ရောက်ခံလာရတိုင်း ဒီဟော်မုန်းက ထွက်နေကျပါ။ အခုဟာက လိုတာထက် အဆမတန် များနေတာ။ သူကနေ (ကာဗွန်ဟိုကိဒရိတ်)၊ အဆီ နဲ့ (ပရိုတင်း) တွေရဲ့ အလုပ်ပေါ်မှာလဲ သက်ရောက်စေတယ်။ နောက်ပြီး ခုခံအားဖြစ်စဉ်ထဲက ရောင်ရမ်းခြင်းဖြစ်စဉ်ကိုလဲ အားနည်းသွားစေတယ်။

(ကော်တီဇုမ်း) ဆေးတွေ သောက်နေရသူတွေမှာ ဆင်တူလက္ခဏာတွေဖြစ်တယ်။ ဒါကို Iatrogenic Cushing's syndrome လို့ သတ်မှတ်တယ်။

ရောဂါလက္ခဏာတွေကတော့ -
• ကိုယ်အထက်ပိုင်းက ထူးပြီးဝလာမယ်။
• မျက်နှာက လပြည့်ဝန်းကြီးလို ဖြစ်လာမယ်။
• ကလေးဆိုရင် ကြီးထွားတာ နှေးမယ်။
• အရေပြားမှာ ဝက်ခြံထွက်မယ်။ အနာအဆာ ပေါက်မယ်။
• ဗိုက်၊ ပေါင်၊ ရင်သားနေရာတွေမှာ မရမ်းရောင်အစဉ်းကြောင်းတွေ ပေါ်မယ်။
• အရေပြားက ပါးလို့ နဲနဲထိခိုက်တာနဲ့ သွေးခြည်ဥ ဖြစ်လွယ်မယ်။
• ခါးနာလွယ်မယ်။
• အရိုးတွေနာမယ်။
• ပခုံးတွေကြား အဆီတွေ များလာတာကို ကျွဲပခုံး ခေါ်တယ်။
• အရိုးအားနည်းလို့ ကျိုးလွယ်မယ်။
• ကြွက်သားတွေ အားနည်ဒးမယ်။
• အမျိုးသမီးတွေမှာဖြစ်ရင် မျက်နှာ-လည်ပင်း-ဗိုက်-ပေါင်တွေမှာ အမွှေးတွေ ပိုပေါက်နေမယ်။ ရာသီနည်းမယ်။ ရာသီမလာ ဖြစ်မယ်။
• ယောက်ျားတွေမှာဖြစ်ရင် ကလေးမရဖြစ်မယ်။ လိင်စိတ်နည်းမယ်။ ပန်းသေ-ပန်းညှိုးဖြစ်မယ်။

တခြားလက္ခဏာတွေကတော့ -
• စိတ်ဓါတ်ကျ၊ စိုးရိမ်စိတ်ကဲလွန်၊ စိတ်မူမမှန်ဖြစ်မယ်။
• အားယုတ်မယ်။
• ခေါင်းကိုက်မယ်။
• သွေးဖိအား တက်မယ်။
• ရေငတ်ပြီး ဆီးခဏခဏသွားမယ်။
• အိပ်ရေးပျက်မယ်။
• ထိပ်ပြောင်မယ်၊
• (ကိုလက်စထော) များနေမယ်။

Tests ဆေးစစ်ရင်
• urine cortisol ဆီးထဲက ဟော်မုန်းစစ်မယ်။
• Dexamethasone suppression test (low dose) နည်း၊
• Blood ACTH level သွေးစစ်မယ်။
• Brain MRI ရိုက်မယ်။

ဒီရောဂါကနေ ဆက်ဖြစ်စေနိုင်တဲ့ရောဂါတွေ ရှိသေးတယ်။
- အရိုးကျိုး၊
- ဆီးချို၊
- သွေးတိုး၊
- ရောဂါပိုးဝင်၊
- ကျောက်ကပ် ကျောက်၊
- စိတ်ရောဂါ။

ဘယ်လိုကုသသလဲ
- ဖြစ်နိုင်ရင် ဦးနှောက်ထဲက အကျိတ်ကို ခွဲစိတ်ထုတ်ပြစ်မယ်။
- လိုအပ်ရင် ကြားကာလမှာ Cortisol replacement ဆေးပေးတာ လုပ်ရသေးတယ်။
- တချို့ကို ဓါတ်ကင်မယ်။
- ခွဲစိတ်တာနဲ့ ဓါတ်ကင်တာ အဆင်မပြေသူတွေကို Ketoconazole, Metyrapone ဆေးပေးမယ်။
- ဒါနဲ့မှ မရသေးရင် ကျောက်ကပ် အထက်မှာရှိတဲ့ တခြား ဒီလိုဟော်မုန်း ထုတ်ပေးနေတဲ့ Adrenal glands တွေကိုပါ ထုတ်ပေးမယ်။

အလားအလာ
- ဆေးမကုဘဲထားရင် အကြီးအကျယ် နေမကောင်းရာကနေ သေဆုံးနိုင်တယ်။
- အကျိတ်ကို ခွဲထုတ်တာနဲ့ လုံးလုံး နေကောင်းနိုင်တယ်။

Dr. တင့်ဆွေ
၁ဝ-၉-၂ဝ၁၁
၂၃-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး