Democracy ဒီမိုကရေစီ

သတင်း = စာရေးဆရာမ ဒေါက်တာခင်မြင့်ဦး၊ စာနယ်ဇင်းဆရာမ ခင်ပန်နှင်း၊ ကဗျာဆရာမ ခင်နှင်း (မြောင်းမြ) ယနေ့ ညနေ၌ သံသရာခရီးထွက်သွားပြီ

စိတ်မကောင်းပါ။ သူနဲ့ ကျွန်တော်က ဆရာဝန်ဘဝမှာ သင်တန်းတခု အတူတက်ဖူးတယ်။ သူစာရေးတာ မသိခဲ့ပါ။ ဖေ့စ်ဘွတ်မှာ သူကပဲ သင်တန်းမှာ အတူထိုင်ခဲ့ကြောင်းပြန်ပြောမှ ကျွန်တော်ကသိတယ်။ အရင်အစိုးရလက်ထက်မှာ ကျွန်တော့်ကို ကူညီမယ်လို့ ပြောဖူးတယ်။ အကူအညီတော့ မတောင်းခဲ့ပါ။

နိုင်ငံရေးမှာတော့ လိုင်းမတူကြပါ။ သူ့လို့ ကြံ့ခိုင်ရေးဘက်တော်သားက ကြံခိုင်ရေးဘက်ကနေရေးတာ ပြောစရာမရှိပါ။ ဒီမိုကရေစီလို့ အကျယ်ကြီးအော်ခဲ့သူတွေက လက်ရှိအစိုးရကို ဆီလိုအပေါက်ရှာနေသူတွေထက် သူ့ကိုလေးစားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး