Father of all bombs ဗုံးတွေရဲ့ဖအေ

အမေရိကန်သမတ ဒေါ်နယ်ထရမ့် ၂ဝ၁၆ ရွေးကောက်ပွဲကင့်ပိန်းမှာ ရုရှားတွေက ထိုးဖေါက်ဝင်ရောက်ခဲ့တယ်လို့ ၂၁-၄-၂ဝ၁၇ နေ့ အမေရိကန် အရှေ့ပိုင်းအချိန် ညနေ ၅ နာရီ ၃၇ မိနစ်ကသတင်းကဆိုပါတယ်။ အက်ဖ်ဘီအိုင်က ပြောလိုက်တာပါ။ ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ ရုရှာသူလျှိုတွေက ထရမ့်ရဲ့ အကြံပေးတွေကို အသုံးပြုခဲ့ကြတယ်။ ဝါဒဖြန့်ချိရေးအတွက် သာမက ထရမ့်အဝန်းအဝိုင်းကိုပါ လွှမ်းမိုးနိုင်အောင် လုပ်ကြတာ ဖြစ်တယ်။ ရုရှားချဉ်းကပ်မှုခံရတဲ့ နာမည်ကြီးသူတွေထဲမှာ ကာတာပေ့ခ်ျလည်းပါတယ်။

တလောက ဆီးရီးယားမှာသုံးခဲ့တဲ့ အမေရိကန်တွေရဲ့ ဗုံးများ၏မိခင်ထက်ကြီးမားတဲ့ မဟာဧရာမဗုံးက ရုရှားလုပ်ဖြစ်တယ်။ ၂ဝဝ၇ ကတည်းလုပ်ထားတာ။ သာမိုဘားရစ်အမျိုးအစားဗုံးဖြစ်ပါတယ်။ အမေရိကန်ဧရာမဗုံးထက် (၄) ဆကြီးမားတယ်။

ကျွန်တော်တို့ငယ်စဉ်က ဆိုဗီယက်နဲ့ အမေရိကန်တို့ စစ်အေးကာလမှာ ပြိုင်ဆိုင်မှုသတင်းတွေကို နေ့စဉ်နေ့တိုင်း နားထောင်ခဲ့ရပါတယ်။ ဆိုဗီယက်ယူနီယန်ကြီးကတော့ ပြိုကွဲသွားတယ်။ အပြိုင်အဆိုင်ပွဲကတော့ နွှဲကြတုန်းပါ။ အဲဒီတုန်းကလည်း မြန်မာနိုင်ငံမှာ အတော်များများက ကွန်မြူနစ်ဖက်ကပါကြတယ်။ ယန်းကီးခေါ် ယူအက်စ်အေဖက် ပါသူတွေက လှို့ဝှက်ပါတယ်။ အခုတော့ မြောက်ကိုရီးယားဖက်ပါသူတွေက ပြောင်ပြောင်တင်းတင်း။ ဘလော့ရတာတွေ ရှိလို့ ပြုံယမ်းသတင်း မတင်တော့ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး