May Day မေဒေး

နယူးဒေလီမြို့မှာနေစဉ်က နှစ်စဉ်ကျင်းပတဲ့ မေဒေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

မြန်မာပြည်မှာ (မေဒေး) ဆိုရင် မသိတဲ့သူမရှိလောက်ပါ။ နိုင်ငံတကာအလုပ်သမားနေ့ကိုခေါ်တယ်။ အမေရိကမှာ မေဒေးမရှိပါ။ Labor Day လေဘာဒေးလို့တော့ရှိတယ်။  မြန်မာလိုပြန်ရင်လည်း အလုပ်သမားနေ့ပဲ။ မေဒေးနဲ့ အနှစ်သာရချင်းလည်း မတူပါ။ သူတို့ရဲ့ လေဘာဒေးဆိုတာ အမေရိကန်အလုပ်သမားတွေရဲ့ လူမှုရေးနဲ့ စီးပွါးရေး စွမ်းဆောင်နိုင်စွမ်းကို ဂုဏ်တင်တဲ့နေ့ရက်ဖြစ်တယ်။ နှစ်စဉ် စက်တင်္ဘာ ပထမတနင်္လာနေ့မှာကျရောက်တယ်။ တရားဝင် အလုပ်နားရက်လည်းဖြစ်တယ်။

မြန်မာပြည်မှာလည်း လူမှုရေးတွေဖွံ့ဖြိုးစည်ပင်၊ တိုင်းပြည်စီးပွါးရေးလည်း ကြွယ်ဝချမ်းလာတဲ့တနေ့မှာ လေဘာဒေးလို့ လုပ်နိုင်ကြရင်ကောင်းမှာပဲ။ အခုတော့ နေ့တိုင်းက လောဘဒေးဖြစ်နေသေးတယ်။

ပုံ = လွန်ခဲ့တဲ့ ခုနစ်နှစ် ၁-၅-၂ဝ၁ဝ နေ့က FTUB ကဦးစီးကျင်းပတဲ့ မေဒေးနေ့အခန်းအနား

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး