Most Reliable News Sources ယုံကြည်စိတ်ချရဆုံး သတင်းဌာနများ

ဘယ်နေရာသွားသွား အရေးကြီးတဲ့ ဒါမှမဟုတ် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းမေးကြတာ ကြုံပါတယ်။ ပြည်တွင်းသတင်းသာမက နိုင်ငံတကာသင်းလည်း မေးကြပါတယ်။ တချို့ ဘာထူးသလဲဆိုပြီးမေးသလို တချို့က ဒီသတင်းက ဘယ်လိုလဲ မေးပါတယ်။ အများအားဖြင့်တော့ (၉ဝ%) လောက်ကတော့ ကျွန်တော် တီးခေါက်ထားပြီးသား သတင်းဖြစ်ပါတယ်။ သတင်းတိုင်းကို ဘယ်ကနေသိတာလဲ ပြန်မေးပါတယ်။ ကျွန်တော် တန်ဖိုးထားနည်းတဲ့ဆီကနေ သိကြတာများတယ်။

မီဒီယာဆိုတာ အရင်က စာနယ်ဇင်းလို့ခေါ်ခဲ့တယ်။ ခုခေတ်မှာ ပိုပြီးကျယ်ပြန့်လာတယ်။ ပိုပြီးမြန်ဆန်လာတယ်။ လူအကုန်က သတင်းနဲ့ ရင်းနှီးနေကြတယ်လို့တောင်ပြောနိုင်တယ်။ လူတိုင်းက သတင်းသမားတွေချည်းပဲ။ သူသိတာကို ပို့စ်အဖြစ်တင်ကြတယ်။ သိလာတာကို ရှယ်ကြတယ်။ ဒါပေမယ့် အဲဒီသတင်းဆိုတာတွေက ဘယ်လောက်ခိုင်မာသလဲလို့ သတင်းအပုဒ်တိုင်းကို မေးယူရလောက်အောင် အားနည်းပါတယ်။ အတော်များများက အမှားတွေ၊ အတုတွေ။ ဆောရီး။

မီဒီယာက မြန်မာပြည်မှာ မှိုပေါက်သလိုများတယ်။ မှိုနဲ့တူတယ်ဆိုတာ အစီအရီတပြိုင်တည်းပေါက်သလို များတာသာမက၊ ခဏတာသာခံတာလည်း တူသေးတယ်။ မြန်မာပြည်မှာ မန်ကျည်းပင်၊ တမာပင်နဲ့တူတဲ့မီဒီယာ ဘယ်ဟာလဲမေးရင် ကျွန်တော်တော့ မသိပါ။

ကမ္ဘာမှာတော့ ဆန်းစစ်မှုတွေ အမျိုးမျိုးနဲ့ မကြာခဏလုပ်ထားတာရှိပါတယ်။ ယုံကြည်စိတ်ချရမှုပေတံနဲ့ တိုင်းတာပါတယ်။ သတင်းဖတ်သူ၊ သတင်းကြည့်သူအရေအတွက် များတာ နည်းတာကို မကြည့်ပါ။ ၂ဝ-၂-၂ဝ၁၇ နေ့က သုတေသနတခုရဲ့ ထိပ်ဆုံး (၁ဝ) ခုစာရင်းက ဒီလိုပါတဲ့။

1. The Associated Press အေပီသတင်းဌာန

2. C-SPAN ယူအက်စ် လွှတ်တော်နှစ်ရပ်က တိုက်ရိုက်လွှင့်ထုတ်တဲ့ တီဗွီ။ Cable Satellite Public Affairs Network လို့ ခေါ်ပါတယ်။

3. PBS ရေဒီယို။ Public Broadcasting Service လို့ခေါ်ပါတယ်။

4. The Economist အီကောနောမစ် သတင်းစာ။ နှစ်သက်တမ်း (၁၅ဝ) ရှိပါပြီ။

5. Reuters ရိုက်တာစ် သတင်းဌာန

6. Snopes စနို့ပ်စ်။ သတင်းဌာနတော့ မဟုတ်ပါ။ စောင့်ကြည့်ဌာနဖြစ်ပါတယ်။ သတင်းတွေကို အစစ်လား အတုလား ကြည့်တယ်။

7. NPR ရေဒီယို။ National Public Radio ခေါ်တယ်။ အက်ဖ်အမ်ရေဒီယို။ ကားမောင်းနေရင်း နားထောင်လေ့ရှိကြတယ်။

8. BBC ဘီဘီစီ။ လူတွေကိုမေးရင် ဘီဘီစီကို ယုံကြည်ရဆုံးလို့ပြောတာများတယ်။ ယူကေမှာ စစ်တမ်းကောက်တော့ ၆၂% က အဲလိုပဲလက်ခံကြတယ်။ ဘက်လိုက်မှု မကင်းပါ။

9. New York Times နယူးယောက်တိုင်းမ်စ် သတင်းစာ။ အထင်ရှားဆုံးသတင်းစာလို့ ပြောနိုင်ပါတယ်။ ဘက်လိုက်မှု မကင်းပါ။

10. Wall Street Journal ဝေါလ်စထရိသတင်းစာ။ ဖတ်တဲ့သူများပါတယ်။ အငြင်းပွါးစရာ မလွတ်ပါ။

၂၁-၁ဝ၂ဝ၁၄ နေ့က အမေရိကမှာ ဘယ်သတင်းဌာနကို စိတ်ချရဆုံးလဲ လေ့လာဆန်းစစ်မှုတခုလုပ်ပါတယ်။ CNN နဲ့ ABC ကိုလူကြည့်အများဆုံးပါ။ ယုံကြည်စိတ်ချရဆုံးတွေတော့ မဟုတ်ကြပါ။ အမေရိကန်တွေက ဗြိတိသျှသတင်းဌာနတွေကို ပိုယုံပါတယ်။ BBC နဲ့ The Economist တို့ဖြစ်တယ်။ ကွန်ဆာဗေးတစ်သတင်းဌာနတွေဟာ ဘက်လိုက်တာများတယ်။ နိုင်ငံရေးနဲ့ အိုင်ဒီယော်လောက်ဂှိကိုတွဲတွဲရေးလို့ပါ။ အလားတူပါပဲ လစ်ဘရယ်ကျလွန်းတဲ့ Mother Jones နဲ့ ThinkProgress တွေကလည်း ဘက်လိုက်တာကဲကြတယ်။

အမေရိကန်အများစုက သတင်းကို ဘယ်ကနေယူသလဲမေးတော့ တီဗွီ၊ ဖေ့စ်ဘွတ်၊ CNN နဲ့ Fox News တွေကနေ ရယူကြပါသတဲ့။ Pew Research Center ပြူးသုတေသနစင်တာရဲ့ ဇယားကို တင်ပြလိုက်ပါတယ်။

မြန်မာပြည်မှာလည်း လေ့လာဆန်းစစ်မှုလုပ်ကြရင်ကောင်းမယ်။ လေ့လာသူကဘက်လိုက်နေရင်တော့ မကောင်းပါ။ ပိုက်ဆံပေးတဲ့ (လက်ဆောင်ပေးတဲ့) သူကို အကောင်းပြောတဲ့အကျင့်လည်း မကောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၇
ည ၁၂ နာရီ၊ ၃၄ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး