My Answer Is Sorry

လူငယ်လူရွယ်တွေ မေးတတ်ကြတဲ့ ကျန်းမာရေး-လူမှုရေး ပြဿနာများ

(ကန်တော့ပါ)

မေး = မင်္ဂလာပါဆရာ ဆီးစစ်တန်မှာ နှစ်တန်းပေါ်တဲ့အချိန်က သန္ဒေသားစဖြစ်တဲ့အချိန်လားရှင့် ကူညီပြီးဖြေပေးပါဆရာ

ဖြေ= မဟုတ်ပါ။ ကိုယ်ဝန်အတွက် ဆီးစစ်တာဆိုရင် အဲဒီဆီးပိုင်ရှင်မှာ ကိုယ်ဝန်ရှိနေတယ်လို့ပြောနိုင်တယ်။ သန္ဓေစဖြစ်တာက ဒိထက်စောတယ်။

မေး = ဆရာ့ မင်္ဂလာပါရှင့် ဒါဆို ဆီးစစ်တန်မှာ မဖော်ပြခင်ကတည်းက သန္ဒေသားဖြစ်နေပြီဆိုတဲ့သဘောလားဆရာ။ Ecee2 ရဲ့ စနစ်ကျကျအသုံးပြုပုံလေးသိပါရစေရှင့်

ဖြေ = အသက်-ကျား-မ စတာမပြောလိုသူများ ဘလော့ခ်မှာဖတ်နိုင်ကြပါတယ်။ မေးနည်းစည်းကမ်းပို့ပါတယ်။

မေး = ဆရာရှင့် အရေးပေါ်တားဆေးကို မလိုအပ်ပဲသောက်မိရင် မည်သည့်ဆိုးကျိုးများဖြစ်ပေါ်စေသလဲရှင့် ကျေးဇူးပြု၍ ဖြေပေးပါရှင့်

ဖြေ = အသက်-ကျား-မ စတာမပြောလိုသူများ ဘလော့ခ်မှာဖတ်နိုင်ကြပါတယ်။

မေး = ဆရာရှင် သမီးအသက်က ၂၁ နှစ်ရှိပါပြီ သမီးချစ်သူနှင့်အတူနေမိပါတယ် ကိုယ်ဝန်စစ်ကြည့်သောအခါ ရှိနေပါတယ် ကန်တော့ပါဆရာ သမီးကိုယ်ဝန်ကိုဖျက်ချလိုပါတယ် ကျေးဇူးပြုပြီးပြောပြပေးပါ

ဖြေ = Unanswered မဖြေတဲ့ မေးခွန်းစာပို့လိုပ်ပါတယ်။

မေး = ဆရာရှင့်တောင်းပန်ပါတယ် နှစ်ခါပြန်ရေးရတဲ့အတွက် သမီးကဆေးတွေကိုနားမလည်လို့ပါ ဘယ်လိုဝယ်ရမှာလဲ ဘယ်လိုသောက်ရမှာလဲ ဘေးထွက်ဆိုးကျိုးကဘာတွေရှိလဲ ပြောကြားပေးပါဆရာ ကန်တော့တောင်းပန်ပါတယ် ကိုယ်ဝန်ကတလလောက်ရှိပါပြီ

ဖြေ = ထပ်ဖြေရန်မရှိ။ မေးနည်းစည်းကမ်မှာ မြန်မာပြည်ထဲက ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ်တွေကို မသိပါလို့ ရေးထားပါတယ်။

မေး = ဆရာ ကျွန်နော့် လိင်အင်္ဂါမှာ ဆေးထိုးထာတာနဲနဲရောင်လာလို့ပါ ဘယ်လိုကုရမလဲ ကျေးဇူးပြုပြီးကူညီပါ ဆရာ့ဆီကိုလာခဲ့ချင်ပါတယ် ထိုးတုန်းကတော့မကြောက်ဘဲ ခုနေတော့ အရမ်းကြောက်နေမိလို့ ပါ

ဖြေ = အဲလိုလုပ်သူတွေ ဆိုးကျိုးဖြစ်ကြလို့ မေးလာသူတွေ မနည်းပါ။ နောက်ဆက်တွဲ ဖြစ်လာတာတွေက အတော်ကို ကုသရခက်ကြတယ်။ လူဖြစ်ရှုံးတဲ့အထိဖြစ်ကြတယ်။ ဆောရီး။ ဘလော့မှာ ဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၆
၁၈-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး