North Korea crisis မြောက်ကိုရီးယားအရေးအခင်းသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တယ်လာဆန်က စကားပြောဖို့လမ်းဖွင့်ထားလို့ ပြောလိုက်

လွန်ခဲ့တဲ့ တနာရီကသတင်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရည်ရွယ်ချက်က မြောက်ကိုရီးယားအနေနဲ့ နယူကလီယာ လက်နက်တွေ ဖယ်ရှားဖို့ဖြစ်တယ်။ မြောက်ကိုရီးယားကစကားပြောမယ်ဆိုရင် အာဂျင်ဒါတော့ မှန်ရမယ်။

သူဆက်ပြောတာက အမေရိကန်အနေနဲ့ စစ်အင်အားသုံးဖို့လည်း အဆင်သင့်လို့ဆိုတယ်။

တရုပ်နိုင်ငံခြားရေးဝန်ကြီးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနည်းက အကောင်းဆုံးလို့ဆိုတယ်။

တယ်လာဆန်က ကုလလုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားရဲ့ နယူကလီယာခြိမ်းခြောက်မှုဟာ တကယ်ဖြစ်တယ်။ မြောက်ကိုရီးယားကို သံတမန်အရ ဝိုင်းပယ်ထားကြပါလို့ ပြောတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်မှာ အမေရိကန်စစ်သားတွေချထားတယ်။ စစ်ရေယာဉ်အုပ်စုချထားတယ်။ တောင်ကိုရီးယားမှာ ဒေါ်လာ ၁ ဘီယီယန်တန် ဒုံးခွင်းစနစ် တပ်ဆင်ထားတယ်။ Thaad လို့ခေါ်တယ်။

ပုံထဲမှာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံပျံအမျိုးမျိုးရဲ့ အလှမ်းမီတဲ့ စက်ဝိုင်းတွေပြထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၇
နေ့ ၂ နာရီတိတိ။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး