Outer Space Language အီးတီတို့တိုင်းပြည်

ဆရာ မင်္ဂလာပါရှင့် ကျန်းမာရေးကိစ္စတော့ မေးမှာမဟုတ်ပါဘူးဆရာ။ ဆရာ့ရဲ့ထင်မြင်ယူဆချက်ကို သိချင်လို့ပါ။ ကျွန်မကပဲ အစိုးရိမ်ကြီးတာလားမသိပါဘူးဆရာ။ အခုခေတ်လူငယ်တွေ မြန်မာစာအရေးအသားကိုဖြစ်သလို ရေးနေကြတာနဲ့ ပတ်သက်ပြီးတော့ပါ။ FB ပေါ်မှာတော့ အဆိုးဆုံးပေါ့ဆရာ။ ပူးတွဲပါ ကာတွန်းပုံလိုပါပဲဆရာ။ မြန်မာစကားကို ဖျက်နေသလို စိတ်ထဲခံစားရပါတယ်။ အမှန်ပြောရရင် မကြိုက်ပါဘူးဆရာ။ မြန်မာစာ မြန်မာစကားကို လေ့လာနေတဲ့ နိုင်ငံခြားသားတွေအတွက် ဒီစာမျိုးတွေတွေ့ရင် အဓိပ္ပါယ်မပေါက်ဘဲ အခက်တွေ့စေမလားလို့လည်း တွေးမိလို့ပါ။ ဘယ်လောက်ပဲ ဆိုရှယ်ကျတယ်ပြောပြောပါဆရာ။ ကိုယ့်လူမျိုး ကိုယ့်စကားကို ချစ်တာကြောင့် မြန်မာစကားကို ဒီလိုနည်းနဲ့ပျက်မှာ ကြောက်မိပါတယ်။ ဆရာအချိန်များရခဲ့မယ်ဆိုရင် ဆရာ့အမြင် ဆရာ့သုံးသပ်ချက်ကို သိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

ဖေ့စ်ဘွတ်မှာက သတ်ပုံအမှားနဲ့ သဒ္ဒါအမှား၊ ပုံနှိပ်မီဒီယာမှာ သတ်ပုံအလွဲနဲ့ သဒ္ဒါအလွဲ၊ အသံထွက်မီဒီယာတွေမှာ မသဲကွဲနဲ့ မပီမသ။ ဂြိုလ်တုကနေတဆင့် ထုတ်လွှင့်တာဆိုတော့ ဂြိုလ်သားတွေ စကားပြောသလိုပဲ။

ET (Extra Terrestrial) = ဂြိုဟ်သား (ပြင်ပအာကာသထဲက သတ္တဝါဆန်း)

ဂြိုဟ်မွှေတယ်ဆိုတဲ့ စကားရှိတယ်။ ကျွန်တော်က အဲတာမျိုးတွေကို ကဲ့ရဲ့သဂြိုဟ်ပြုတယ်။ ဂြိုဟ်ဆိုးဝင်ခဲ့လို့ဖြစ်တယ်။ ဂြိုဟ်စာကျွေးနေသူတွေရှိတယ်။ ထောက်ပံ့သဂြိုဟ်နေသူတွေရှိတယ်။ အမှားအလွဲတွေကို မီးသဂြိုဟ်သင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၆
၂၃-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး