Real or Fake စစ်တု

လွန်ခဲ့တဲ့ (၂) နှစ်က ဒေါက်တာဘွဲ့က အစစ်လား၊ အတုလားဆိုပြီး သတင်းတပုဒ် တကြော့ပြန် ခေတ်စားလာတယ်။ ဒီဂရီက အစစ်ဖြစ်ပါတယ်။ ငွေနဲ့ပေးဝယ်ထားတာ။ ဒီလိုဝယ်လို့ရထားတဲ့ ဘွဲ့ဒီဂရီမျိုးကို စစ်တုလို့ ခေါ်ချင်တယ်။

နိုင်ငံခြားသားတွေက ငွေပေးပြီး မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေရကြတာကိုလည်း စစ်တုလို့ခေါ်မယ်။ အစစ်တွေက အဝတ်ချွတ်ပြီး ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ အစိုးရလုပ်တာကိုလည်း စစ်တုပါတီ၊ စစ်တုလွှတ်တော်နဲ့ စစ်တုအစိုးရလို့ ခေါ်လိုက်မယ်။ လက်ရှိဖွဲ့စည်းပုံကလည်း ဒီမိုကရေစီစံအရ စစ်တု။ မြန်မာပြည်မှာ စစ်တုတွေသာ လူတွင်ကျယ်လုပ်နေကြတယ်။

စစ်တုတိုက်ဖျက်ရေး တို့အရေး (စစ်တိုက်တဲ့ စစ်တပ်မပါ။)

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၅
၂၂-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး