Valproate အတက်သက်သာဆေး ဘေးထွက်ဆိုးကျိုးသစ်တွေ့ရှိ

ပြင်သစ်နိုင်ငံမှာ အတက်သက်သာဆေး ကို ကိုယ်ဝန်ဆောင်ကိုပေးပြီးနောက် အထဲကကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ တွေ့ရှိလာတယ်လို့ လွန်ခဲ့တဲ့ နာရီပိုင်း ဆေးသုတေသနသတင်းကဆိုပါတယ်။ ဆောရီး။

ကလေးပေါင်း ၄၁ဝဝ မှာတွေ့ရှိတာဖြစ်တယ်။ အဲလိုဆေးသောက်တဲ့ကိုယ်ဝန်ဆောင်တွေမှာ ကလေးမွေးရာပါချို့ယွင်းမှု ၄ ဆပိုဖြစ်တယ်။ ဒီဆေးကို ပြင်သစ်မှာ ၁၉၆၇ ကတည်းကသုံးနေတာပါ။

Sanofi ဆေးကုမ္ပဏီကနေထုတ်တဲ့ဆေးဖြစ်ပါတယ်။ Valproate ဆေးကို နာမည်အမျိုးမျိုးနဲ့ရောင်တယ်။ Epilim, Depakine, Depakote နဲ့ Stavzor စသဖြင့်။

Bipolar disorder ခေါ်စိတ်ရောဂါအတွက်လည်း ဒီဆေးပေးတာရှိတယ်။

Spina bifida ခေါ် ခါးရိုးမကြီးမလုံတဲ့မွေးရာပါချို့ယွင်းချက်ဟာ ဆိုးတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး