Taylor-made တိုင်းယက်တဲ့ ပက္ကလာ

Aung Tun တိုင်းယက်တဲ့ ပက်ကလာ မိုးရွာသည်နှင့် အခန့်သင့်ပေါ့။

ကွန်မင့်ရေးတဲ့ သူငယ်ချင်းဆရာဝန်ကနေ လက်ဆောင်ယူလာတဲ့ ပင်နီအင်္ကျီကို စာဖွဲ့တုန်းက စာလုံးတလုံးကို ပြန်ဖေါ်လို့ မရတဲ့အခက်အခဲရှိခဲ့တယ်။ သူတို့ ချေချောမောမောအိမ်ပြန်ကြောင်း ဖုန်းဆက်လို့ ပြောကြဆိုကြရင်း သိလာပါတယ်။ အဲတာနဲ့ ရေသည်ပြဇာတ်ကို လိုက်ရှာရပါတော့တယ်။

ကျွန်တော်တို့ ဆယ်တန်းမြန်မာစာမှာ သင်ခဲ့ရတဲ့ ဦးပုညရေးတဲ့ ရေသည်ပြဇာတ် (ဂင်္ဂါမာလဇာတ်) ထဲမှာ ငွေထုပ်ချင်းတူ အရွယ်ချင်းမျှ အလှချင်းနတ်ဖက် တိုင်း၍ယက်တဲ့ ပက္ကလာ မိုဃ်းရွာသည်နှင့်အခန့်သင့့်

တချို့ ပက်ကလာကို မသိကြပါ။ ကမ္ဗလာခင်းနှီးလို့ထင်ကြတယ်။ ရခိုင်တွေက ပက္ကလာခေါ်တယ်။ သူတို့ဆီက မိုးများတော့ အသုံးများတယ်။ မိုးရွာတုန်းမှာ လယ်သူမတွေဆောင်းစရာဖြစ်ပါတယ်။ ဝါးနှီးနဲ့ ယက်လုပ်ထားတာ၊ ကျောအထိလုံတယ်။ အညာမှာ ဗမာတွေခေါ်တဲ့ ခမောက်နဲ့ ပက္ကလာကို ပြောင်းပြန်ခေါ်ကြတယ်လို့ မှတ်သားရဘူးတယ်။

လက်ဆောင်ပေးတဲ့ အဝတ်အစား၊ အသုံးအဆောင်တွေ အနေတော်ရင် အဲဒီအသုံးကို အမြဲသတိရတယ်။ ညီတော်မောင်ယူလာတဲ့ ဆောင်းထည်တွေဟာလည်း မတိုင်းပဲနဲ့ဝယ်လာ၊ နှင်းကျတာနဲ့အခန့်သင့်ဖြစ်သွားခဲ့ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၆
၁၆-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး