Natural Gas ဓါတ်ငွေ့

နိုင်ငံရေးစကားပြောချင်သူကလာခေါ်လို့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ ပြောကြတာတော့ အလေးစားတွေပါ။ တိုက်ပွဲတွေနဲ့ ဘာသာရေးအမည်ခံသတင်းတွေအကြောင်း။ ဘယ်သူတွေကနေ မီးတိုက်ပေးသလည်း၊ ဓါတ်ဆီလောင်းပေးနေသလဲ၊ လေမှုတ်ပေးနေသလဲ။ တချို့အကြောင်းအချက်တွေကို သိပေမယ့် ရေးမဖြစ်၊ ပြောမသင့်တာတွေရှိတယ်။ လူချင်းရင်းနှီးပေမယ့် ပြောမထွက်တာတွေရှိသေးတယ်။

မမြင်ရတာတွေက ပိုကြောက်စရာကောင်းတယ်ဆိုတာ အမှန်တကယ်ရှိတယ်။ အော်နေကြတာတွေတချို့က မမှန်ပါ။ လုပ်ပြနေကြတာတွေတချို့ကလည်း မှားတယ်။ မသိသေးသ၍တော့ သူ့နယ်ပယ်မှာ ဟီးရိုးတွေလို့ မြင်ကြမယ်။ မျက်လှည့်ဆရာပြတာချည်း ကြည့်နေလို့ကတော့ ဦးထုပ်ထဲက ခိုထွက်လာတာပဲ မြင်ရမယ်။

အရောင်အဆင်းမရှိ၊ အရသာမရှိ၊ မီးလောင်ခြင်းကိုအားပေး၏ဆိုတဲ့ဓါတ်ဆိုတာ ငါးတန်းကလည်းကသင်ခဲ့ကြရတယ် မဟုတ်လား။ နိုင်ငံရေးမှာ ဓါတ်ငွေ့တွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၆
၂၈-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး