The first-ever March for Science သိပ္ပံပညာ ဆန္ဒပြပွဲကြီး

ဧပြီလ (၂၂) နေ့မှာကျရောက်တဲ့ ကမ္ဘာမြေနေ့မှာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြို့ကြီးတွေမှာ ဆန္ဒထုတ်ဖေါ်ပွဲတွေ ကျင်းပကြတယ်။ စည်းရုံးသူတွေက အဲတာဟာ သိပ္ပံပညာအဝန်းအဝိုင်းကို ကာကာကွယ်ရေးလို့ ဆိုကြပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အဓိကဆောင်ရွက်တာဖြစ်တယ်။ သမတ ဒေါ်နယ်ထရမ့်ရဲ့ သဘာဝဝန်းကျင်ကို လျစ်လျူရှုပြီး စီးပွါးရေးမှစီးပွါးရေးပေါ်လစီကို ဆန့်ကျင်မှုလည်းဖြစ်ပါတယ်။

သြစတီးယားနိုင်ငံ ဗီယင်နာမြို့မှာလည်း ကျင်းပတယ်။ သူတို့ရဲ့ ဖေ့စ်ဘွတ်မှ လူတွေကို လက်တွဲပါဝင်ကြဖို့ ဖိတ်ခေါ်တယ်။

ထရမ့်က ရာသီဥတုပြောင်းလဲနေခြင်းဟာ သတင်းအတုလို့ပြောခဲ့တယ်။ အဲတာဟာ ကမ္ဘာ့သိပ္ပံကွန်မြူနတီက ပြောထားတာတွေကို လူတွေက ဟုတ်ပါ့မလားဖြစ်စေခဲ့တယ်။

လန်ဒန်မှာ သိပ္ပံပညာရှင်တွေနဲ့ လေ့လာလိုက်စားသူတွေက သိပ္ပံပြတိုက်ကနေ ပါလီမန်စကွဲယားအထိ ချီတက်ကြတယ်။

ရာသီဥတုပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကနေ ဆေးပညာအထိအကျုံးဝင်တဲ့ အစ်ရှူးတွေကိုထောက်ပြကြတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး