ဆုတောင်း

ဆုတောင်း

ဤရောဂါမှ အညှာမှည့်ကြွေ
ဖြစ်သောထွေလျှင် ကွေကွေကွင်းကွင်း
ရှင်းရှင်းသန့်သန့် ညွန့်ညွန့်သားသား
ဖါးဖါးစိမ်းစိမ်း ရှိန်းရှိန်းလတ်လတ်
လွတ်လတံ့နည်း အနာသည်း၍
တညည်းတွားတွား ဆိုများတုံတုံ
တစုံမက်မက် တသက်လုံးလုံး
မဆုံးစကောင်း ပန်နက်တောင်း၏။

(သုဝဏ္ဏသျှမ်ပျို့)

မှတ်ချက် = တစ်ညည်းတွားတွား မဟုတ်ပါ။ တစ်စုံမက်မက် မဟုတ်ပါ။ တစ်သက်လုံးလုံး မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

တမ်းချင်း

တောခြေမိုက်မည်း ကြောက်ဖွယ်ချည်းဘိ
ဆည်းဆည်းညံညံ လူသံတိတ်ဆိတ်
ထိတ်ထိတ်ပွေပွေ လေတဝုန်းဝုန်း
တမှုန်းမှုန်းနှင့် ခြုန်းခြုန်းသိမ့်သိမ့်
ငြိမ့်ငြိမ့်သံတင် တွေ့ရမြင်သည်
ကြောင်းအင်ထွေတလာတည့်လေ။ (ဟံသာဝတီရောက်မင်း)

မှတ်ချက် = လေတစ်ဝုန်းဝုန်း မဟုတ်ပါ။ တစ်မှုန်းမှုန်းနှင့် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး