ASO ရောင် နှင့် ယောင်
မင်္ဂလာပါဆရာ အသက်၂၃ မိန်းကလေးပါဆရာ ASO 400 နဲ့ဆေးကုသမှု့ ခံယူနေရပါတယ်။ ခြေထောက်တွေ ယောင်နေတာ ၄ရက်လောက်ရှိပါပြီဆရာ။ Singal တစ်ယောက်ပါ။ OG ညွှန်ကြားမှု့နဲ့ OC pill လည်းသောက်နေရပါတယ်။ ခြေထောက်ယောင်လာတဲ့အကြောင်းကို သိချင်လို့ပါ ဆရာ လေးစားစွာဖြင့်
သောက်နေရတဲ့ တခြားဆေးတွေ ရှိ မရှိ မသိ။ တချို့ဆေးတွေက ရောင်စေနိုင်တယ်။ OC pills ကတော့မရောင်စေနိုင်။
1. Arthritis အဆစ်နာ http://dts-medicaleducation.blogspot.com/2010/06/arthritis_08.html
2. ASO ဆိုတာ http://dts-medicaleducation.blogspot.com/2012/01/aso.html
3. ASO ဆိုတာ ပိုးမဟုတ်ပါ https://doctortintswe.blogspot.com/2014/11/aso.html
4. Edema ကိုယ်ရောင်ခြင်း https://doctortintswe.blogspot.com/2016/06/edema.html
5. Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ http://doctortintswe.blogspot.com/2014/11/pregnancy-and-rheumatism.html
6. Rheumatic fever ရူမက်တစ် အဖျားရောဂါ https://doctortintswe.blogspot.com/2014/12/rheumatic-fever.html
7. Rheumatism (1) လေးဘက်နာ (၁) https://doctortintswe.blogspot.com/2014/10/rheumatism-1.html
8. Rheumatism (2) လေးဘက်နာ (၂) https://doctortintswe.blogspot.com/2014/10/rheumatism-2.html
မှု့မှာ (့ ) မလိုအပ်ပါ။ ရောင်လို့ ရေးသင့်။
ရောင်
ကိုယ်လက်ရောင်ရမ်း
လရောင်
အလင်းရောင်
အရောင်အဆင်း
နေရောင်
ဖေါရောင်သည်
ဖေါရောင်သည်
ရောင်ဆင်းတင့်တယ်
ရောင်ညီး
ရောင်ခြည်တော်
ရောင်ပြန်ဟပ်
ရောင်ရင်ငှက်
ရောင်လျှံတော်
ရောင်ဝှန်
ရောင်ဝါထိန်ညီး
ရောင်အန်း မို့ဖောင်း
ရွှေဘုန်းတော်ရောင်ခြည် ခြောက်ရောင်ကွန့်မြူးသည်
ယောင်
ထင်ယောင်မြင်ယောင်
မင်းယောင်စိုးယောင်
မူသယောင်လုပ်သည်
လန့်၍ယောင်သည်
သူယောင်ပင်
အဆောင်အယောင်
အယောင်ဆောင်
ယောင်ကန်းကန်း
ယောင်ချာချာ
ယောင်တတ်သောသူ
ယောင်တိယောင်ချာ
ယောင်နန
ယောင်ယမ်းလုပ်သည်
ယောင်လည်လည်
ယောင်ဝါးဝါးမလုပ်ပါနှင့်
ယောင်သုံးဆယ်
ယောင်အမ်းအမ်း
ယောင်တောင်တောင်
ယောင်ပေသီး
ယောင်ပေပေ
ယောင်ယောင်မှားမှား
ယောင်ယောင်ပေါင်ပေါင်
ယောင်ခြောက်ဆယ်
နှာယောင်ကြမ်းတန်း
ဒေါက်တာတင့်ဆွေ

Comments
Post a Comment