ရွှေအတုတွေထက် မှန်တယ်
မြင်ရုံနဲ့ စားချင်စိတ်ပေါ်မိတဲ့ ထိုင်းမုန့်ဟင်းခါးဆိုင်ပို့စ်တခု တွေ့ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့ ထဲက ထိုင်းမုန့်ဟင်းခါးဆိုင်အချို့ မှာ နံနံပင် ပင်စိမ်းပင် ပဲတောင့်ရှည် ဇီယာ (ပူစီနံ) အပါအ၀င် မုန့်ဟင်းခါးထဲကို စိတ်ကြိုက်ထည့်စားနိုင်ဘို့ရာ အလျှံပယ်တည်ခင်းထားတဲ့ ဟင်းရွက်စုံအချို့ ပါရှိပါတယ်။
ထိုင်းမုန့်ဟင်းခါးဟင်းရည်ကတော့ ငါးကိုအသားပေးချက်ထားတာဖြစ်ပြီး ရိုးရိုးမြန်မာမုန့်ဟင်းခါးနဲ့အတော်လေးကိုနီးစပ်ပြီး ရန်ကုန်မုန့်ဟင်းခါးနဲ့တော့ကွဲလွဲပါတယ်။ ထိုင်းတွေကမုန့်ဟင်းခါးကို အကြော်တမယ်မယ်နဲ့ ထည့်စားကြတာမျိုးမရှိဘဲ ဟင်းရွက်စုံအချို့ နဲ့ဘဲ အများအားဖြင့် သုံးဆောင်လေ့ရှိကြပါတယ်။ ဘန်ကောက်ကဈေးအချို့ အပါအ၀င် အခြားသော ဆင်ခြေဖုံးတွေမှာလည်း ရောင်းချတာတွေရှိပြီး ဘန်ကောက်ရောက်တိုင်း စားရေးသူတို့မကြာခဏသွားစားဖြစ်ခဲ့ကြပါတယ်။
ထိုင်းရိုးရာအစားအစာတွေထဲမှာ ထိုင်းမုန့်ဟင်းခါးလည်း သူတို့နိုင်ငံရဲ့ အထင်ကရအစားအစာတွေထဲမှာ ထင်ပေါ်ကြော်ကြားပြီး မြောက်ပိုင်းဒေသကထိုင်းတွေဆိုရင် သူတို့မုန့်ဟင်းခါးဟင်းရည်အမယ်တွေထဲမှာ လက်ပံပွင့်နဲ့ချက်တဲ့ဟင်းရည်လည်း လူကြိုက်များအမယ်ထဲမှာပါရှိပါတယ်။
စတိုင်တမျိုးနဲ့ထိုင်းနိုင်ငံကမုန့်ဟင်းခါး
စက်တင်ဘာ - ၁၃ - ၂၀၁၈
သတင်း - ကရင်အမျိုးသားမီဒီယာ
ပုံစာ - ထိုင်းနိုင်ငံက မုန့်ဟင်းခါးဆိုင်ပုံရိပ်တခု။
တင်ထားတာက ကရင်။ ရွှေအတုမြန်မာတွေ ရွှေမစစ်တဲ့ဗမာတွေထက် မြန်မာစာမှန်တယ်။ တချို့က သတ်ပုံပြင်ပေးရင် စာရေးတာ တိုင်းရင်းသားထင်တယ်လို့ ပြောကြလေ့ရှိတယ်။ အကုန်တော့ အဲလိုမဟုတ်ပါ။ တချို့က ဖုန်းကနေ အမြန်ရိုက်လို့တဲ့။ အဲလိုမဟုတ်ကြောင်း မနေ့ကပဲ သက်သေမေးခွန်းတွေ တင်ပြခဲ့တယ်။ အမှန်အတိုင်း လွယ်လွယ်ရေးလို့ရတာကို ခက်အောင်ရိုက်ရတဲ့ အမှားသတ်ပုံရေးကြတယ်။
ဒေါက်တာတင့်ဆွေ
Ko Nyo ကျေးဇူး။

Comments
Post a Comment