Potato Yam ကြွေးဥ သမိုင်း
၂။ ကြွေးဥဆိုတာလေးမသိဘူးဆရာ ကျေးဇူးပါဆရာ
ကျွန်တော် ကြွေးဥပင် မမြင်ဖူးသေးပါ။ ၁၉၈၈ အရေးအခင်းကာလ ပုလဲနယ်မှာ ဆန်ဝယ်မစားနိုင်သူတွေက ကြွေးဥပြုတ် စားကြရတယ်။ အနေမတော်ရင် အဆိပ်သင့်တယ်။ အနောက်ဘက်တောင်ပေါ်ပိုင်းကနေ ဂုံနီအိတ်တွေ ဆာလာအိတ်တွေနဲ့ ဖြူဖွေးနေတဲ့ ကြွေးဥတွေ သယ်လာပြီး ရောင်းကြတယ်။ စားစရာတွေ အလွန်ရှားကုန်တယ်။ ဆန်ဝယ်မစားနိုင်သူတွေ အတော်များတယ်။ ပုလဲမြို့ပေါ်မှာ ဂျုံယို စတုဒိသာတိုက်ကျွေးကြတယ်။ ကြွေးဥပြုတ်ကနေ အဆိပ်သင့်လို့ တချို့ကို ဆေးကုပေးခဲ့ရတယ်။
ကြွေးဥ (ဖွတ်စာဥ) Dioscorea pentaphylla L. လို့တင်ထာတာတခု ဖတ်ရတယ်။
နောက်ပို့စ်တခုလည်း တွေ့တယ်။ ကြွေးပေါင်းပူပူလေး ကြွေးပေါင်းဖြူဖြူလေး
မစားရတာကြာပြီဖြစ်တဲ့ ကြွေးပေါင်းကို ရွာမှာ အမေနှင့် ဆွေမျိုးတွေက လုပ်ကျွေးတော့ အားရပါးရစားခဲ့ရတယ်။ ကြွေးဥဆိုတာ တောင်တွေမှာ သဘာဝ ပေါက်နေတဲ့ မျောက်ဥလို အပင်မျိုးပါ။ ဓါးနဲ့ ပါးပါးလှီးပြီး ချောင်းထဲမှာ ရေစိမ်ထားရပါတယ်။ ရေစိမ်ထားပြီးတဲ့ကြွေးချပ်လေးတွေကို နေလှမ်းပြီး သိမ်းထားကာ စားချင်သည့်အခါမှာ ကောင်းညှင်းပေါင်းသလို ပေါင်းစားကြပါတယ်။ ဆီဆမ်းပြီး နှမ်းထောင်းနဲ့စားရင် အရသာမှာ ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိပါတယ်။ ကြွေးဥလေးတွေရယ် နောက်နှစ်ကြရင် ရန်ကုန်မှာ လူသိများအောင် ကြိုးစားပါမယ်။ ကျေးဇူးတင်ပါတယ် (ပန်းတင်တောင် စိုက်ခင်း is in Mindon Township)
ကျွန်တော်သိတဲ့ ၈၈ အရေးအခင်းသမိုင်းမှာ ဂျုံကျို (ယို) ပါတယ်။ ကြွေးဥပါတယ်။ ရသ မပါ။
ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၂၀
ပုံတွေအတွက် ကျေးဇူး။




Comments
Post a Comment