Yoma ရိုးမ WY ဆေးပြား
ဆရာ ကျွန်တော် ရိုးမ (Yoma) ဘီယာကိုသောက်ရင်းက အင်မတန်နှစ်သက်စွဲလာတာ ၄လ ကျော်မှာ WY ဆေးလုံး အထဲမှာပါတဲ့ဗူးနဲ့ကြုံခဲ့တယ်။ ကန့်တော့ပါရဲ့ ဆရာ ဘီယာဗူးကို ကုန်အောင်မော့သောက်ရာကနေ ကလောက် ကလောက် အသံမြည်လို့ ဖောက်ကြည့်ရာကနေတွေ့တယ်။ မေလ ၂၅ ရက်နေ့ဖြစ်တယ်။ ပုံမှာ ကျွန်တော့်လက်ဗွေရာကစ အထင်းသားပါလို့ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ထိန်းထားပေးစေလိုရင်း ရင်ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်။
ကျေးဇူး။ လက်ချောင်းနဲ့ WY ဆေးပြားပုံကို မသုံးတော့ပါ။
• Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ http://doctortintswe.blogspot.com/2014/10/amphetamines-1.html
• Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/2015/02/drugs-used-in-military.html
• Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html
• Drug Abuse ဆေးဝါးတလွဲသုံးခြင်း https://doctortintswe.blogspot.com/2014/10/drug-abuse.html
• Drugs and politics ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ် http://doctortintswe.blogspot.com/2015/02/drugs-and-politics.html
• Drugs used in the military စစ်သုံးဆေးများ http://doctortintswe.blogspot.com/2014/10/amphetamines-2.html
• Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/10/ecstasy-drug-tests.html
• Ecstasy စိတ်ကြွဆေးများ https://doctortintswe.blogspot.com/2014/10/ecstasy.html
• High မူးယစ်ဆေးများ http://doctortintswe.blogspot.com/2015/07/high.html
• Ice ဆိုတာ ရေခဲမဟုတ်ပါ https://doctortintswe.blogspot.com/2014/10/ice.html
• Military and Crystal Meth စစ်တပ်နဲ့ စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/military-and-crystal-meth.html
• Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး http://doctortintswe.blogspot.com/2015/02/molly.html
• Opium ဘိန်း https://doctortintswe.blogspot.com/2015/02/opium.html
• Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ် http://doctortintswe.blogspot.com/2015/02/pseudoephedrine.html
• Yaba ယာဘ http://doctortintswe.blogspot.com/2015/02/yaba.html
ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၈
Cause for Concern စီးပွါးရေးထိခိုက်မှု မရှိသလောက်နည်းတယ်
ကျွန်တော့်ပို့စ်တခု = Yoma ရိုးမ WY ဆေးပြား
ကွန်မင့်များ
၁။ Sitt Aww Maung အငွေ့ ရှုတဲ့ အမျိုးအစားပါ၊ရော၍ သောက်လို့မရပါ၊ဘီယာဗူးထဲမှာ ပါလာပြီဆိုရင်လည်း အာနိသင်ပြယ်ပြီး ဖြစ်နေလောက်ပါပြီ။
ဆေးပြားအာနိသင် ရှိ မရှိကိုပြောတာ မဟုတ်ပါ။ တရားမဝင်ဆေးထည့်တာကို ပြောတာဖြစ်တယ်။
၂။ KhineKhin Soe Thu ပြောတဲ့သူကရော ညာပြောတာမဖြစ်နိုင်ဘူးလား ဆရာ၊ တချို့က ကုန်ပစ္စည်း တိုက်ခိုက်တာမျိုးလည်း ရှိတတ်ကြလို့၊
ပြောပြသူက သူ့လက်ပေါ်မှာ ဆေးပြားတင်တဲ့ဓါတ်ပုံကိုပါပြတယ်။ လက်ဗွေနဲ့ စစ်ဆေးရင် သိနိုင်တယ်။ သူ့လက်ပါပုံ ၂ ခု ပို့တယ်။
ကျွန်တော်ကတော့ အသိပေးလာချက်မှာ သတိပြုစရာပါလို့ ပို့စ်အဖြစ်တင်ပါတယ်။ ထုတ်ကုန်တွေထဲမှာ မသင့်တာတွေပါကြောင်း မကြာခဏပြောကြတယ်။ တချို့က အသိပေးချက်ကို ဂရုမထားကြပါ။ ဆေးအတုဆိုလည်း ဝယ်တယ်။ ကြော်ငြာဆေး ထိရောက်မှုမရှိပြောလည်း ဝယ်ကြပါတယ်။ ခဲဆိပ်။ အာဆင်းနစ်ဆိပ်ပါတယ်ပြောလည်း ဝယ်ကြပါတယ်။
မြန်မာပြည်မှာ စီးပွါးရေးထိခိုက်မှု မရှိသလောက်နည်းတယ်ထင်တယ်။ အဲဒီအဆင့်ကနေ တက်အောင်ကြိုးစားကြရပါမယ်။
ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၈
Liquid Crystal Meth ရာဘ ဆေးရည်
ဆရာတင်ထားတဲ့ post ကို တွေ့လိုက်မိလို့ပါ။ Wy ဆေးပြားက ဘီယာဘူးထဲမှာ ပါလာတယ်ဆိုရင် ဘီယာမှာပါတဲ့ gas နဲ့ ထိတွေ့တဲ့အခါ အရည်ပျော်ဝင်ဖို့ ပိုမလွယ်နိုင်ဘူးလား။ နောက်တချက်က ဒီဘီယာ ဘူးတွေက စက်ရုံမှာ ပါကင်ထုတ်ပိုးခဲ့တဲ့ အချိန်ကာလနဲ့ သက်ဆိုင်ပါတယ်။ အခုစက်ရုံက ထုတ် အခုချက်ချင်း သောက်နိုင်တဲ့ အနေအထားလဲ မရှိကြပါဘူး။ စက်ရုံကနေ ရောင်းတဲ့ဆိုင်ပေါ်ရောက်ဖို့ အနည်းဆုံးတော့ အချိန် တနာရီ ခန့် ကြာပါတယ်။အဲ့ကာလ အတွင်းမှာ ဆေးပြားက ဘီယာထဲမှာ အရည်မပျော်ရင်တောင် ရေဆူတဲ့ ဓာတ်သတ္တိ မရှိနိုင်ဘူးလား။ ကျွန်တော် မရှင်းလို့ မေးကြည့်တာပါ ဆရာ။ ရှောင်သင့်ရင် ရှောင်လို့ ရအောင်လို့ပါ ဆရာ။
Ya ba ရာဘလို့အများဆုံးခေါ်တဲ့ တရားမဝင်မူးယစ်ဆေးထဲမှာ Methamphetamine နဲ့ Caffeine ရောထားတယ်။ အရပ်ခေါ်အမည်တွေအများကြီးရှိတယ်။
ဓါတုဗေဒလို Methamphetamine (CAS-537-46-2) ဖြစ်တယ်။ Crystallized form ဆေးမှုံ့နဲ့ Tablet ဆေးပြားအဖြစ် အသုံးများတယ်။ တရားမဝင်ဆေးကို နည်းလမ်းမျိုးစုံနဲ့ ကူးသန်းရောင်းဝယ်ကြတယ်။ တချို့နေရာတွေမှာ ဆေးရည်အဖြစ် ခိုးသွင်းတယ်။ Liquid meth လို့ခေါ်တယ်။ ၁၅-၁-၂ဝ၁၄ ရက်နေ့က AP သတင်းမှာ Teen died after drinking liquid methamphetamine ဆယ်ကျော်သက်လေး တယောက် အဲတာသောက်ပြီး သေဆုံးတယ်တဲ့။
ကျွန်တော့် Blog ထဲမှာ ရေးထားပြီးစာတွေရှိပါတယ်။
1. Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ
2. Amphetamines စိတ်ကြွဆေး
3. Drugs and politics ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ်
4. Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း
5. Ecstasy စိတ်ကြွဆေးများ
6. High မူးယစ်ဆေးများ
7. Military and Crystal Meth စစ်တပ်နဲ့ စိတ်ကြွဆေး
8. Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး
9. Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ်
10. Yabba (ယာဘ)
ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၈
Thanks ကျေးဇူး
၁။ ပြောတဲ့သူက ရော ညာပြောတာမဖြစ်နိုင်ဘူးလား ဆရာ၊ တချို့က ကုန်ပစ္စည်းတိုက်ခိုက်တာမျိုးလည်းရှိတတ်ကြလို့၊
၂။ ရိုးမဘီယာတစ်ဘူးဈေးက ၁၀၀၀ ကျော်လောက်လေးရှိတာ WY ဆေးပြားတစ်ပြားက ၃၀၀၀/၄၀၀၀ ဝန်းကျင်ရှိတာကို ထည့်ပေးနေမလားအရူးတွေရဲ့ စဉ်းစားပီးလည်းပြောပါဦး .. အဲ့လိုသာသဘောတွေကောင်းပီး ထည့်ပေးနေရင် စက်ရုံပါမွဲသွားမယ် 😂😂😂
၃။ မေးခွန်းတခုကို ဖြေလိုက်တယ်။ Doxycycline တနေ့ ၂ ကြိမ် ၅-၁ဝ ရက်သောက်သင့်။ နာတာရောင်တာအတွက် ပါရာစီတမော တပြားနဲ့တွဲသောက်နိုင်။
ဟုတ်ကဲ့ပါဆရာ ဆရာရှင့် ဆရာပြောတဲ့ဆေး ဆေးခန်းကဝယ်သောက်တာ ကျွန်မအနာထပ်မပေါက်တော့ဘူးဆရာ ဝမ်းသာတာ ပြောမပြတတ်ပါဘူး ဆရာလည်းကျန်းမာချမ်းသာပါစေရှင့်
ကောင်း။ ကျေးဇူး။
သူများကို ညာတယ်၊ ရူးတယ်ဆိုတဲ့ကွန်မင်တွေလာနေချိန်မှာ ဒီလိုပြန်စာရတော့ မောတာသက်သာတယ်။
သူများကို အရူးလို့ မပြောသင့်ပါ။ တကယ်ရူးနေသူတွေကိုတောင်မှ စိတ်ရောဂါ စိတ်အခြေအနေလို့သာ ပြောပါတယ်။
မတော်တဆဆိုတာရှိတယ်။ တန်ဖိုးကြီးတဲ့ စိန်ရွှေတွေ မထင်မှတ်ပဲ ကျသွားတာမျိုးရှိပါတယ်။
ဒေါက်တာတင့်ဆွေ
ဆရာဝန်တွေထက် တော်ကြ၏
ဆောရီးနော် တခုတော့ပြောပါရစေ သုံးဘူးသူတိုင်းသိတာ WY ဆေးပြားလေးတွေက ရေမှာ ပျော်ဝင်တာ မြန်တယ် အစိုဓာတ်ရှိရင်တောင် အရည်ပျော်မြန်တယ် သုံးခဲ့ဘူးပါတယ် ဖြတ်ခဲ့တာလဲ ကြာပါပြီ
စာတပုဒ် ထပ်တင်လိုက်တယ်။ WY လိုဆေးကို နေရာအမျိုးမျိုးကနေ နာမည်အမျိုးမျိုးနဲ့ထုတ်ပါတယ်။ အရောအစပ် နည်းနည်းစီကွာကြတယ်။ ရေမှာပျော်ဝင်မှုလည်း မတူကြပါ။
ဒီအကြောင်းအရာမှာ ဆရာဝန်တွေနဲ့ ရဲတွေထက် မူးယစ် ရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေက သာကြတယ်။ DEA ထက်လည်း သူတို့က ရှေ့ကရောက်ကြတယ်။
ဆေးတွေကို ရေမှာပျော်ဝင်သောဆေးများနဲ့ အဆီမှာပျော်ဝင်သောဆေးများလို့ အတန်းအစား ခွဲထားတာရှိပါတယ်။

Comments
Post a Comment