Blessed Flowers ကံကောင်းတဲ့ပန်း

အဲဒီအိမ်အတွက် ပန်းပင်လေးတွေပို့ပေးချင်သူက ညတုံးကလှမ်းမေးနေတယ်။

(ချတ်) = ဆရာ့ပုလဲအိမ်ကို ကံ့ကော်ပျိုးပင်နဲ့ ကျောက်ခက်ပင်လေးတွေ ပို့မလို့စီစဉ်ထားတာ၊ ဆရာတို့ပြန်လာခဲ့ရင် သစ်ပင်လေးတွေနဲ့ မြင်စေချင်လို့။ ကံကာင်းစေတယ်ပြောကြပါတယ်။ အပွင့်လည်းလှတယ်လေ။

အန်တီကို ဖတ်ပြလိုက်တာ ဝမ်းသာနေတယ်။ ပန်းပင်ဆိုလို့ပေါ့။ သူများကိုကံကောင်းစေချင်သူလည်း ကံကောင်းတာပဲ။

ကံ (လာဘ်) ကောင်းတယ်လို့ယုံကြည့်တဲ့ ပန်းတွေအပင်တွေက နေရာအလိုက်မတူကြပါ။ အမေရိကမှာတော့ ဒီ (၅) မျိုးတဲ့။
5 Flowers and Plants to attract Good Luck
1. Lucky Bamboo
2. Morning Glory
3. Peace Lily
4. Sweet Peas
5. Sunflower

အရိမေတ္တေယျမြတ်စွာဘုရားဟာ ကံ့ကော်ပင်အောက်မှာ ဘုရားဖြစ်တော်မူမယ်တဲ့။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး